ရပ်ကွက်ရုံးအတွင်း ဝင်ပစ်ခံရချိန် အသက်မသေခဲ့သူ စစ်ကိုင်းမှ ရာအိမ်မှူး ယနေ့မနက် နေအိမ်ရှေ့ ပစ်သတ်ခံရ၊

Photo - စစ်ကိုင်း အိုးဘို လူမှုကယ်ဆယ်ရေးအဖွဲ့

ဇန်နဝါရီ - ၂၁

စစ်ကိုင်းမြို့ ဇေယျာတိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် ရပ်ကွက်ရာအိမ်မှူးတစ်ဦး ယနေ့ မနက်ပိုင်းတွင် နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ(၂၁)ရက် မနက်(၆)နာရီကျော်အချိန်က စစ်ကိုင်းမြို့ ဇေယျာကွက်တိုးချဲ့ရပ်ကွက် (၅)လမ်းတွင် နေထိုင်သည့် ရပ်ကွက်ရာအိမ်မှူး ဦးခင်မောင်ဇော်သည် နေအိမ်၌ ရှိနေချိန် ပစ်ခတ်ခံရကာ သေဆုံးခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကိုင်းမြို့ ဇေယျာကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ယဉ်ခန့် ဆိုသူအပါအဝင် ယင်းရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့စည် စစ်ကောင်စီနှင့် ပူးပေါင်းကာ ဒေသခံများကို ဖမ်းဆီးထောင်ချ၊ ဒုက္ခပေးနေသူများ ဖြစ်ကြောင်း စစ်ကိုင်းမြို့ခံ တော်လှန်ရေး အင်အားစုများက MFP သို့ ပြောသည်။ ယင်းရပ်ကွက်ရုံးသည်လည်း စစ်ကိုင်းမြို့ နှစ်(၇၀၀)အားကစားကွင်းနှင့် စစ်ကောင်စီ လက်နက်ကိုင် တပ်ရင်းများအနီးတွင် တည်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ(၂၆)ရက်က အဆိုပါ ဇေယျာကွက်သစ်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ ရှိနေချိန် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သော်လည်း တစ်ဦးမျှ အသက်မသေဘဲ လွတ်မြောက်ခဲ့ပြီးနောက် ယခုအခါ ရာအိမ်မှူး အသတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရာအိမ်မှူး ဦးခင်မောင်ဇော် ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

လက်ရှိတွင် စစ်ကိုင်းရှိ စကစခန့် အုပ်ချုပ်ရေးမှူးများ ယခုလကုန် နောက်ဆုံးထား နှုတ်ထွက်ရန် ဇေယျာညီနောင် အဖွဲ့အပါအဝင် စစ်ကိုင်းမြို့ပြ ပြောက်ကျားတပ်ဖွဲ့များက သတိပေးထားသည်။

စစ်ကောင်စီက စစ်ကိုင်းမြို့အနှံ့ ဖမ်းဆီးစစ်ဆေး ဖိနှိပ်ခြင်းများ ပိုမိုလုပ်ဆောင်နေသဖြ်င့ ဒေသခံများအနေဖြင့် အသွားအလာ ဂရုပြုဆင်ခြင်ကြရန် မြို့ခံများအချင်းချင်း သတိပေးလျှက် ရှိသည်။


Mandalay Free Press - MFP

ရပ်ကွက်ရုံးအတွင်း ဝင်ပစ်ခံရချိန် အသက်မသေခဲ့သူ စစ်ကိုင်းမှ ရာအိမ်မှူး ယနေ့မနက် နေအိမ်ရှေ့ ပစ်သတ်ခံရ၊ ရပ်ကွက်ရုံးအတွင်း ဝင်ပစ်ခံရချိန် အသက်မသေခဲ့သူ စစ်ကိုင်းမှ ရာအိမ်မှူး ယနေ့မနက် နေအိမ်ရှေ့ ပစ်သတ်ခံရ၊ Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.