ရန်ကုန်မှာ စက်သုံးဆီစျေးတွေတက်

ဇန်နဝါရီလ ၁၈ ရက် ရန်ကုန်စက်သုံး‌ဆီဆိုင်တစ်ခုက ထုတ်ပြန်ထားတဲ့ စျေးနူန်းများ

ရန်ကုန်မှာ တစ်ပတ်အတွင်း စက်သုံးဆီစျေးတွေ သိသိသာသာတက်လာကြောင်းရန်ကုန်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခု ရက်သတ္တပတ်အတွင်းကစပြီး စက်သုံးဆီစျေးတွေ သိသိသာသာ တက်လာတာဖြစ်တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က အိမ်စီးကားတွေ အသုံးများတဲ့ ၉၂ တစ်လီတာကို ၁၄၄၅ ကျပ်ကနေ ၁၅၄၀ ကျပ်ခန့်ဖြစ်လာပြီး အရင် တစ်လီတာကို ကျပ် ၁၅၀၀ ဝန်းကျင်စျေးရှိတဲ့ ၉၅ တစ်လီတာကို ၁၅၉၅ ခန့်အထိစျေးတက်လာကြောင်း ဒီဇယ်စျေးလည်း စျေးတက်လာကြောင်း သူကပြောပါတယ်။

စက်သုံးဆီတွေ စျေးတက်လာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ အခုထက်မြင့်လာမှာကို စိုးရိမ်နေကြတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၁၅ သန်းကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီ ဗဟိုဘဏ်က ၁၇၇၈ ကျပ်နဲ့ လေလေံစျေးနဲ့ ထုတ်ရောင်းပေးခဲ့တာရှိပါတယ်။

စက်သုံးဆီစျေးတက်တဲ့ အတွက် ရန်ကုန်က တက္ကစီ ကားခတွေ လေးပုံ တစ်ပုံခန့် အရင်ထက်စျေးတက်လာကြောင်းနဲ့ လက်လီကုန်စျေးနူန်းတွေထဲမှာလည်း အသီးအရွက်တွေစျေးတက်လာပြီး ခရမ်းချဥ်သီး အစိမ်း ၄ လုံး ၅၀၀၊မုန့်လာဥနီတစ်တောင့် ၈၀၀ ခန့်အထိစျေးပေါက်နေကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

BBC Burmese
ရန်ကုန်မှာ စက်သုံးဆီစျေးတွေတက် ရန်ကုန်မှာ စက်သုံးဆီစျေးတွေတက် Reviewed by THITHTOOLWIN on 06:45 Rating: 5

No comments:

Powered by Blogger.