မန္တလေးမြို့ (စ)စျေးအနီးတွင် သတင်းပေးဒလန်ဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ၊

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ယက္ကန်းတော်ရပ်ရှိ ကျေးရွာရာအိမ်မှူးနေအိမ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများကို တွေ့ရစဉ်/ Photo - ပေးပို့

ဇန်နဝါရီ - ၂၄

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံ (စ)စျေးအနီးတွင် ယနေ့ မနက်ပိုင်းက စကစ သတင်းပေးဒလန်အဖြစ် နာမည်ကြီးသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ(၂၄)ရက်၊ မနက်(၁၀)နာရီခန့်က (စ)စျေးအနီး ဆိုင်ကယ်ဖြင့် သွားလာနေည့် ဒလန် ငမျိုးကို ရှင်းလင်း သုတ်သင်ခဲ့ကြောင်း Dragon Warrior မြို့ပြပြောက်ကျားတပ်ဖွဲ့က MFP သို့ အတည်ပြုသည်။

"သူက စစ်တပ်သတင်းပေးပါ။ ငမျိုးလို့ အားလုံးက ခေါ်ကြတယ်။ ဒီမနက် ရှင်းခဲ့တာပါ။ စျေးဘေးနားမှာပါပဲ။ ပွဲချင်းပြီးပါ" ဟု Dragon Warrior အဖွဲ့က ဆိုသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်နေ ဦးမျိုးထွန်းနိုင်(၃၈)နှစ်သည် နေအိမ်မှ ၄င်းပိုင် ဟွန်ဒါကလစ် ဆိုင်ကယ်ဖြင့် (၁၂၆)လမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်ဘက်မှ အမည်မသိ အမျိုးသားနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်ခံရသဖြင့် ဦးမျိုးထွန်းနိုင်သည် သေနတ်ဒဏ်ရာနှစ်ချက် ရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်းက ဆိုသည်။

" (စ) ဈေးဘက်မှာ သောင်းကျန်းနေတဲ့ ဒလန်ငမျိုးကို နှုတ်ခမ်းနီ ဆိုးပေးထားတယ်။ လမ်းပေါ်တက် အိပ်သွားတယ်" ဟု Dragon Warrior က ထုတ်ပြန်ထားသည်။

မန္တလေးမြို့၌ စစ်ကောင်စီ၏ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ် ဖိနှိပမှုများကြားက စစ်ကောင်စီနှင့် ဆက်စပ်သူများလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။


Mandalay Free Press - MFP

မန္တလေးမြို့ (စ)စျေးအနီးတွင် သတင်းပေးဒလန်ဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ၊ မန္တလေးမြို့ (စ)စျေးအနီးတွင် သတင်းပေးဒလန်ဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ၊ Reviewed by THITHTOOLWIN on 19:42 Rating: 5

No comments:

Powered by Blogger.