MFP ၊ ဇန်နဝါရီ - ၄
မန္တလေး - ထီးချိုင့်လမ်း စဥ့်ကူးဘက်မှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကားများကို ယနေ့ မနက်ပိုင်းတွင် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပ.က.ဖ မတ္တရာက မိုင်းနှစ်လုံးခွဲ၍ တိုက်မှုခဲ့ရာ စကစများ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း သတင်းရရှိသည်။
ယနေ့ ဇန်နဝါရီ(၄)ရက် မနက်ပိုင်းတွင် စဥ့်ကူးမြို့နယ်ဘက်မှ ဆင်းလာသော စစ်ကားများကို ပတ်လည်အင်းရွာနှင့် ပဲလှော်ဖိုရွာကြားတွင် ပ.က.ဖ မတ္တရာက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
"မတ္တရာ ပ.က.ဖ က တိုက်မိုင်း နှစ်လုံးနဲ့ ဆွဲလိုက်တာ။ ကားနှစ်စီး ထိတယ်။ စခတွေ အထိအခိုက် အသေဆုံး များနိုင်တယ်" ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ်အခြေအနေများ မသိရသေးပါ။
အကြမ်းဖက် စစ်ကောင်စီ၏ ကားအစီး (၂၀)ကျော်သည် ဗန်းမော် - ထီးချိုင့် - မတ္တရာ- မန္တလေး ဗျူဟာလမ်းအတိုင်း မန္တလေးဘက်သို့ ဆင်းလာနေပြီး ဒေသကာကွယ်ရေးတပ်များက လမ်းတလျှောက် စောင့်ကြိုတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
Mandalay Free Press - MFP
No comments:
Post a Comment