အသံတိတ်သပိတ်နေ့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ နံနက် ၁၀ နာရီခွဲမှရုံးတက်ပြီး ညနေ ၃ နာရီခွဲရုံးပြန်ဖို့ ညွှန်ကြား


တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၂၇ 

အသံတိတ်သပိတ်ပြုလုပ်မယ့် ဖေဖော်ဝါရီလ ၁ ရက်မှာ ထားဝယ်မြို့က ဌာနဆိုင်ရာဝန်ထမ်းတွေကို နံနက် ၁၀ နာရီခွဲမှ ရုံးတက်ဖို့နဲ့ ညနေ ၃ နာရီခွဲမှာ ရုံးဆင်းဖို့ ဖုန်းဆက်ညွှန်ကြားတာတွေရှိနေတယ်လို့ သိရပါတယ်။ 

ထားဝယ်မြို့မှာရှိတဲ့ ဌာနဆိုင်ရာအသီးသီးကို ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖုန်းဆက်ညွှန်ကြားနေတာဖြစ်တယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းကနေသိရပါတယ်။ 

အာဏာသိမ်းတစ်နှစ်ပြည့်နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ လမ်းပေါ်မထွက်ကြဘဲ အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။ 

" အသံတိတ်သပိတ်လုပ်နေတဲ့အချိန်မှာ ဝန်ထမ်းတွေကို လမ်းပေါ်မှာ ရှိနေအောင် ရည်ရွယ်တာပါ" လို့ ထားဝယ်မြို့ခံ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောပါတယ်။ 

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာပြုလုပ်မယ့် အသံတိတ်သပိတ်မအောင်မြင်ဖို့ နည်းမျိုးစုံနဲ့ကြိုးပမ်းနေတာဖြစ်ပါတယ်။ 


The Tanintharyi Times


အသံတိတ်သပိတ်နေ့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ နံနက် ၁၀ နာရီခွဲမှရုံးတက်ပြီး ညနေ ၃ နာရီခွဲရုံးပြန်ဖို့ ညွှန်ကြား အသံတိတ်သပိတ်နေ့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ နံနက် ၁၀ နာရီခွဲမှရုံးတက်ပြီး ညနေ ၃ နာရီခွဲရုံးပြန်ဖို့ ညွှန်ကြား Reviewed by THITHTOOLWIN on 21:40 Rating: 5

No comments:

Powered by Blogger.