စစ်​ကောင်စီတပ်ကမြိုင်မှ ​ရေနံကျင်းများကိုမီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ရေနံမှော်များမှ ရေနံကျင်းများအား အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံများကပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂၀ရက်) နံနက် ၉နာရီမှ ၁၂နာရီအချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ မြိုင်မြို့နယ်အတွင်းရှိ သပြေညိုရေနံမှော်မှ လက်ပံတိုရေနံမှော် လမ်းတစ်လျှောက်ရှိ ရေနံကျင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင် က ယ​နေ့သတင်းထုတ်ပြန်သည်။

"လက်ပံတို မရောက်ခင် ကြက်ဆင်က ရေနံကျင်းတွေ ချက်ဖိုတွေ မီး၀င်ရှို့တယ်။ ရွာထဲ၀င်လာတော့ ကျွန်တော်တို့ပြေး

ရတယ်။ ဒရုန်းတွေနဲ့ တောင်ပေါ်တွေ ပတ်ကြည့်တယ်ဗျာ။ လက်ပံတိုရွာအနောက်ဘက်ကပ်လျက်ရေနံကျင်းတွေကိုလည်းမီးရှို့တယ်။"ဟု ဒေသခံတစ်ဦးက ​ပြောသည်။

ဇန်နဝါရီလ ၁၈ရက်နှင့် ၁၉ရက် ညနေပိုင်းတွင်လည်း ဝယ်တောင်မြောက်တောနှင့် သပြေညိုရေနံမြေရှိ ရေနံကျင်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဇန်နဝါရီလ ၁၃ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် ကျောက်ခွက်နှင့် နယ်သတ်ရေနံမှော်ရှိ ရေနံကျင်းများ မီးရှို့ဖျက်ဆီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မကွေးတိုင်း၊ မြိုင်နယ်အနောက်ပိုင်းနှင့်မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အကြမ်းဖက်​နေကာ ကျေးရွာအများအပြားလည်း မီးရှို့ဖျက်ဆီးခံထားရသည်။

People's Spring 

(​​ဒေသခံပြည်သူများ၏ ရေနံကျင်းများကို အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့သည်)



စစ်​ကောင်စီတပ်ကမြိုင်မှ ​ရေနံကျင်းများကိုမီးရှို့ဖျက်ဆီး စစ်​ကောင်စီတပ်ကမြိုင်မှ ​ရေနံကျင်းများကိုမီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 09:40 Rating: 5

No comments:

Powered by Blogger.