အမရပူရမြို့နယ်မှ အကွက်မှူးတစ်ဦး အသတ်ခံရ


ဇန်နဝါရီ - ၂၇ 

မန္တလေး အမရပူရမြို့နယ်မှ အကွက်မှူးတစ်ဦး ယနေ့ အသတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။ 

ရဲလွန်းကျော်အုပ်စု၊ ဘုံးအိုးကျေးရွာ အနောက်ရပ်ကွက်၏ အကွက်မှူး အသက် (၅၅)နှစ်အရွယ် ဦးခင်မောင်ဌေးဆိုသူ အသတ်ခံရခြင်းဖြစ်ပြီး ဘယ်ဘက်မျက်စိ၊ ညာဘက်နားတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပြုလုပ်သည်ကို မသိရသေးဘဲ ဘုံးအိုးကျေးရွာနှင့် ရဆနာဂူ့ကြား၌ စစ်ကောင်စီက တပ်စွဲနေသည်မှာ ကြာပြီဟုလည်း ဒေသခံများထံမှ သိရသည်။


Mandalay Free Press - MFP

အမရပူရမြို့နယ်မှ အကွက်မှူးတစ်ဦး အသတ်ခံရ အမရပူရမြို့နယ်မှ အကွက်မှူးတစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.