မြဝတီမြို့ပြင် ကွမ်းခြံကွေ့အနီး ဂတ်စ်တင်ကားကြီး ပစ်ခတ်ခံရပြီးမီးလောင် ယာဉ်မောင်း (၂) ဦးသေဆုံး

ရုပ္သံရိုက္ကူး - ေစာကေညာ (ေဒသခံ)


ဇန်နဝါရီ  - ၁၆  - ၂၀၂၂

သတင်း - ကရင်အမျိုးသားမီဒီယာ

ဒီကနေ့မွန်းလွဲ (၁) နာရီအချိန်လောက်က အမည်မသိ လက်နက်ကိုင်းအဖွဲ့အစည်းတခုရဲ့   ပစ်ခတ်တိုက်ခိုက်မှုခံရလို့ ဂတ်စ်တင်ကားတစီး  မီးလောင်ပျက်စီးသွားတာဖြစ်ပါတယ်။

မီးလောင်သွားတဲ့ ဂတ်စ်ကားကိုမောင်းတဲ့ ယာဉ်မောင်းသူလည်း သေဆုံးသွားပါတယ်။

မြဝတီကနေ ကောကရိတ်ဘက်ကိုအသွား ကွမ်းခြံကွေ့နားမှာ ဂတ်စ်ကားအပစ်ခံရပြီးမီးလောင်သွားတာလို့ ဒေသခံတဦးကေပြောပါတယ်။

အပစ်ခံရတဲ့ ဂတ်စ်ကား (၂) စီးထဲက တစီးကမီးလောင်သွားတာပါ ။

မီးမလောင်တဲ့အစီးကိုမောင်းတဲ့  ယာဉ်မောင်းသူလည်း  ကျည်သင့်ပြီးသေဆွုံးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ကော့ကရိတ်မြို့အဝင်နားမှာ မြဝတီဘက်ကနေလာတဲ့ ဂတ်စ်တင်ကားတစီး ပစ်ခတ်ခံရပြီး မီးလောင်ခဲ့ပါသေးတယ်။


ပုံစာ - ယနေ့မွန်းလွဲပိုင်းက ကွမ်းခြံကွေ့ အနီး ဂတ်စ်တင်ကားမီးလောင်နေသည့်မြင်ကွင်း ။


ကရင်အမျိုးသား မီဒီယာ

မြဝတီမြို့ပြင် ကွမ်းခြံကွေ့အနီး ဂတ်စ်တင်ကားကြီး ပစ်ခတ်ခံရပြီးမီးလောင် ယာဉ်မောင်း (၂) ဦးသေဆုံး မြဝတီမြို့ပြင် ကွမ်းခြံကွေ့အနီး ဂတ်စ်တင်ကားကြီး ပစ်ခတ်ခံရပြီးမီးလောင် ယာဉ်မောင်း (၂) ဦးသေဆုံး Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.