တောင်ဥက္ကလာ (၄)ရပ်ကွက်ရှိ လျှပ်စစ်ရုံး ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်သား (၃)ဦး ဒဏ်ရာသွား၍ ရပ်ကွက်အတွင်း လှည့်လည် ဆဲဆိုနေ
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်ရှိ လျှပ်စစ်ရုံး ယနေ့ဇန်နဝါရီလ(၁၆)ရက်၊ ည(၇)နာရီဝန်းကျင်က ဗုံးကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား(၃)ဦးဒဏ်ရာရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ ကနဦး သတင်းရရှိသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ရပ်ကွက်အတွင်း ဝင်ရောက်ကာ ဆဲဆိုနေပြီး ပါရမီလမ်းကို ပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။
ယင်းဗုံးကွဲသံသည် ကျယ်လွန်းသဖြင့် သင်္ဃန်းကျွန်း၊ ရန်ကင်းတို့မှလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။
Tachileik News Agency
တောင်ဥက္ကလာ (၄)ရပ်ကွက်ရှိ လျှပ်စစ်ရုံး ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်သား (၃)ဦး ဒဏ်ရာသွား၍ ရပ်ကွက်အတွင်း လှည့်လည် ဆဲဆိုနေ
Reviewed by THITHTOOLWIN
on
23:33
Rating:
No comments:
Post a Comment