လွိုင်ကော်မြို့တွင်း တိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာဟုဆို၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရ



လွိုင်ကော်၊ ဇန်နဝါရီ ၆

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နှင့် ပန်ကန်း ရပ်ကွက်များအတွင်း ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီခွဲမှ စ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အထိနာခဲ့ကာ လွိုင်ကော်နှင့် ဒီးမော့ဆိုကြား ၅ မိုင်၊ ၆ မိုင်ရှိ အများပြည်သူနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးကြောင်း သတင်းရရှိသည်။

ယနေ့ လွိုင်ကော်မြို့တွင်းဖြစ်ပွားသော တိုက်ပွဲတွင် KDF၊ KNDF၊ GZ 21 Loikaw တပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း Karenni Democratic Front က သတင်းထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ရာ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်များအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရသလို နေအိမ်အချို့ပျက်စီးခဲ့သည့်အပြင် လွိုင်ကော်-ဒီးမော့ဆိုကားလမ်းပေါ်ရှိ ၅မိုင်၊ ၆ မိုင်ရှိ နေအိမ်အချို့ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြသည်။


Yesagyo Township Info Committee

လွိုင်ကော်မြို့တွင်း တိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာဟုဆို၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရ လွိုင်ကော်မြို့တွင်း တိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာဟုဆို၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 23:01 Rating: 5

No comments:

Powered by Blogger.