စစ်ကောင်စီတပ်ကားကို ပဒေသာမိုင်း သုံးလုံးဖြင့်တိုက်ခိုက်ခဲ့ဟု တန့်ဆည် (ပကဖ)ထုတ်ပြန်


တန့်ဆည်-ကံထူးမလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့(တန့်ဆည်)က ယနေ့(ဇန်နဝါရီ ၈) ထုတ်ပြန်သည်။

ကံထူးမရဲစခန်းမှ စစ်ကောင်စီတပ်များ တန့်ဆည်စခန်းသို့အပြန် တန့်ဆည်-ကံထူးမလမ်းပိုင်း တောင်ပို့ရင်း တံတားအနီးတွင် ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ယနေ့နံနက် ၁၁ နာရီခန့်တွင် တန့်ဆည်ရဲစခန်းမှတဆင့် ကံထူးမရဲစခန်းသို့ အင်အားသွားဖြည့်ကာ ပြန်လာခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

"အကျအဆုံး ၊ အထိအခိုက်စာရင်းအားအတိအကျမသိရသေးပါ။ ယင်းကားမှာ အပြင်းအထန် ထိသွားပြီး တန့်ဆည်မြို့နယ်ရဲစခန်းသို့ အရှိန်ပြင်းစွာ စခန်းအရောက် ဒုန်းမောင်းသွားပါသည်"ဟု တိုက်ခိုက်မှုနှင့်ပတ် သက်ပြီး တန့်ဆည်(ပကဖ)က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်များမှ ရဲနှင့် စစ်သားများသည် တန့်ဆည်မြို့ နယ်တွင်းရှိ ကျေးရွာများသို့ လှည့်ကင်းလှည့်လျက်ရှိရာ ယနေ့နံနက်အစောပိုင်းတွင် အင်ပင်အိုင်၊ ကံကလေးကုန်း စသည့်ကျေးရွာများသို့ ရဲအင်အား ၁၂ ဦး၊ ဆိုင်ကယ်ခြောက်စီးဖြင့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။


People's Spring 

စစ်ကောင်စီတပ်ကားကို ပဒေသာမိုင်း သုံးလုံးဖြင့်တိုက်ခိုက်ခဲ့ဟု တန့်ဆည် (ပကဖ)ထုတ်ပြန် စစ်ကောင်စီတပ်ကားကို ပဒေသာမိုင်း သုံးလုံးဖြင့်တိုက်ခိုက်ခဲ့ဟု တန့်ဆည် (ပကဖ)ထုတ်ပြန် Reviewed by THITHTOOLWIN on 00:31 Rating: 5

No comments:

Powered by Blogger.