Photo : CJ |
မန္တလေး၊ ဇန်နဝါရီ ၇
မန္တလေး၌ ယနေ့ညနေ၅နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်မှ စစ်ကောင်စီသတင်းပေးဟုဆိုသည့် အရန်မီးသတ်တပ်စုမှူးဦးမြင့်လွင် ဦးခေါင်းသေနတ်ဖြင့် ပစ်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယာဉ်တိုက်မှုဖြစ်ရာနေရာတစ်ခုသို့ ၄င်းနှင့် အခြားလူငယ်တစ်ဦးတို့ သွားနေစဉ် (၅၅) လမ်းနှင့် (၅၆)လမ်း၊ (၁၀၆) လမ်းအရောက် ဆိုင်ကယ်စီးလာသူတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးမြင့်လွင်သည် ဦးခေါင်းထိမှန်ဒဏ်ရာဖြင့်နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။
၎င်းသည် (၇) ရပ်ကွက်၊ ကွက်စိပ်မှူးတစ်ဦးလည်းဖြစ်ပြီး ရပ်ကွက်အတွင်းရှိပြည်သူများကို ခြိမ်းခြောက် အနိုင်ကျင့်သူဖြစ်ကြောင်း ဒေသခံများက လူငယ့်ခေတ်သို့ ပြောသည်။
၄င်းနှင့်အတူပါလာသည့် အရံမီးသတ်တပ်သားသန့်ဇင်နိုင်မှာ လက်ဖျံနှင့်လက်ကောက်ဝတ် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိထားကြောင်း သိရသည်။
"သူကရိုးရိုးတပ်သားအဆင့်ပဲ။ ဒလန်နဲ့အတူသွားမိလို့အပစ်ခံရတာ" ဟု နီးစပ်သူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
လက်ရှိအချိန်၌ အဆိုပါရပ်ကွက်အတွင်း စစ်ကောင်စီတပ်သားများ အရပ်ဝတ်ဖြင့် လှည်လည်သွားလာနေကြောင်း သိရသည်။
အဆိုကိစ္စနှင့်ပတ်သက်၍ မည်သူ၊ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ပြီး ဦးမြင့်လွင်မှာလည်း စစ်ကောင်စီသတင်းပေး ဟုတ်၊ မဟုတ်ကိုမူ လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
Lu Nge Khit
No comments:
Post a Comment