၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့။
ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်အထိ၊ တိုက်ပွဲများပြင်းထန်လျက်ရှိပါသည်။ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ ဘက်မှ ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် အနည်းဆုံး (၃၀) ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ပါသည်။ ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တင့်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပါသည်။ KNDF မှ တိုက်ပွဲအတွင်း လက်နက် (၁၁) လက် နှင့်လက်နက်ကြီးကျည်နှင့် လင်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရမိခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီများဖက်မှ အထိနာသဖြင့် ရဟတ်ယာဥ် နှင့် တိုက်လေယာဥ် နှစ်စင်းတို့ဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ နေ့လည်ခင်း(၁၄း၀၀)နာရီမှစ၍ ညနေ (၁၉း၀၀) နာရီအထိ တိုက်လေယာဥ်မျာနှင့်ရဟတ်ယာဥ်များဖြင့် (၁၀) ကြိမ် လာရောက်ပစ်ခတ်ခဲ့ပါသည်။ ည (၂၀း၀၀)နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်းလာရောက်ပစ်ခတ်စဥ် ပစ်ချခံရပြီး လွိုင်ကော်မြို့၊ဒေါမူကလား ကျေးရွာအနီးတွင် ပျက်ကျမီးလောင်ပျက်စီးခဲ့ပါသည်။
အကြမ်းဖက်စစ် ကောင်စီတပ်များသည် အင်အားအလုံးအရင်းနှင့် တင့်ကားများအသုံးပြုကာ တိုက်ခိုက်ခဲ့သော်လေည်း အကျအဆုံးများသဖြင့် (၅) မိုင် (၆) မိုင်နှင့် ဒေါပိုးစီတို့မှ မြို့တွင်းသို့နောက်ဆုတ်ခဲ့ရပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ထိုရပ်ကွက်များအတွင်းရှိ နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူကာ (Canter) ကားနှစ်စီးဖြင့်သယ်ဆောင်သွားပါသည်။ ထို့အပြင် ထိုရပ်ကွက်အတွင်းရှိနေအိမ် (၁၀) လုံးကျော်ကိုလည်း မီးရှို့ဖျက်စီးခဲ့ပါသည်။ ထို့အပြင် ဒီးမောဆို့မြို့နယ်၊ ငွေတောင်ဆည်အနီးတဝိုက်နှင့် ဒီးမော့ဆိုမြို့မရဲစခန်းတွင်လည်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုမျာပြားခဲ့ပါသည်။
ယနေ့ လွိုင်ကော်မြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကိုခြေမှုန်းတိုက်ခိုက်ရင်း PDF (လွိုင်ကော်) မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရပါသည်။ KNDF မှ ကျဆုံးသွားသော ရဲဘော်ကို အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုပါသည်။
ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် စစ်ရေးအရှိန်မြင့်လျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုများ ပိုးမိုပြင်းထန်နိုင်သဖြင့် ပြည်သူများအနေဖြင့် လေကြောင်းရန်မှ အကာအကွယ်ဖြစ်နိုင်သော နေရာများတွင်နေကြရန်နှင့် တိုက်ပွဲဖြစ်ပွားသောနေရာများ၊ တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိသော နေရာများတွင် နေထိုင်သွားလာခြင်းမပြုကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
KNDF သတင်းနှင့်ပြန်ကြားရေးဌာန
Karenni Nationalities Defense Force-KNDF
No comments:
Post a Comment