လွတ်လပ်ရေးနေ့ညတွင် တာမွေမြို့နယ်အတွင်း ဗုံး သုံးကြိမ်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကပြောသည်။
ယနေ့ညနေ ၆ နာရီမှ ည ၈နာရီကြားပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ပေါက်ကွဲမှု သုံးခုကို တာမွေမြို့နယ်နေရာအနှံပြားက ကြားခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမူကိုတော့ မသိရကြောင်း တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
"ပေါက်ကွဲသံကြီးတော့ကြားလိုက်ရတယ်။ ပြီးတော့ ရဲတွေ စစ်သားတွေရောက်လာပြီးလမ်းတွေ ပိတ်ပြီးစစ်နေတယ်”ဟု တာမွေမြို့ခံတစ်ဦးက ပြောသည်။
တာမွေ မလွှကုန်းဘူတာအနီး ည ၈နာရီပေါက်ကွဲမူကို ရန်ကုန်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးခုကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထား သည်။
ပေါက်ကွဲမူတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှနှစ်ဦး ထိခိုက်နိုင်သည်ဟု Yangon People’s Defense Force (Bahan) ၊ Anonymous Force ၊ Hmawbi Revolution Force တို့က ထုတ်ပြန်ထားသည်။
"၈နာရီ ကျော်လောက်က မလွှကုန်းဘူတာနားမှာ ဗုံးပေါက်သံ အကျယ်ကြီး တစ်ချက် ကြားလိုက်ရတယ်။ ပြီးတော့ သေနတ်သံ နှစ်ချက် ပစ်သံကြားရတယ်။ ဘယ်ဘက်ကပစ်မှန်းတော့ မသိပါဘူး။ ဘူတာနားမှာက အရင်ထဲက အစောင့်ကင်းတဲ ရှိတော့ အဲ့ကို လာပစ်တာ ထင်ပါတယ်။ ညဘက်လည်း ဖြစ်နေတော့ ဘယ်သူမှ သွားမကြည့်ရဲကြဘူး"ဟု တာမွေမြို့ခံတစ်ဦးက ပြောသည်။
ထိုအပြင်ည၈နာရီခန့်တွင်လည်းကျောက်မြောင်းမြို့ပတ်လမ်းတွင် ဗုံးပေါက်ကွဲမူ နှစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟုမြို့ခံများက ပြောသည်။
ယနေ့ည ၆နာရီခန့်တွင်လည်း တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းပေးနေသည့် မြတ်မေတ္တာမွန်ကုမ္ပဏီပိုင် ဆီဆိုင်တစ်ခုပေါက်ကွဲဖြစ်ပွားခဲ့သည်။
People's Spring
No comments:
Post a Comment