စစ်ကြောင်းဝင်လာသဖြင့် ကြောက်လှန့်ထွက်ပြေးသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီပစ်သတ်

ကလေး - ဇန်နဝါရီ ၁၁၊ ၂၀၂၂။

စစ်ကောင်စီ၏ စစ်ကြောင်းဝင်လာစဉ် ကြောက်လန့်ထွက်ပြေးနေသည့် ပြည်သူတစ်ဦးကို စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်တွင် ယနေ့ နံနက် ၁၀ နာရီခန့်က ပစ်သတ်ခံရကြောင်း သိရသည်။ 

အင်အား ၁၀၀ ခန့် ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်း  သာစည်ကျေးရွာထဲသို့ဝင်လာချိန် ကြောက်လန့်ပြီး ဆိုင်ကယ်မောင်းပြေးသည့် အသက် ၄၀ ကျော်အရွယ် ဦးဖိုးထွန်းဆိုသူ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

"သာစည်ရွာရဲ့တောင်ဘက် ချင်းဆိုင်ရွာဘက်ကနေ ဝင်လာတာ အဲ့ဒါကို လန့်ပြီး ပြေးတဲ့ ဆိုင်ကယ်သမားကို ပစ်သတ်တာ။ ဆိုင်ကယ်ကိုမီးရှို့သွားတာ။"ဟု သူကပြောသည်။ 

သာစည်ကျေးရွာ ရွာမတိုက်ဘုန်းကြီးကျောင်းတွင်ရှိ‌နေသည့် ဒေသခံပြည်သူ လူငယ်မိန်းက‌လေး လေးဦးနှင့် ယောင်္ကျားလေးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားပြီး မိန်းကလေးများကို ပြန်‌လွတ်ပေးခဲ့သည်ဟု ကနဦး သိရကြောင်း သူကဆက်ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သာစည်ကျေးရွာတွင် တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံပြည်သူအများစုက ထွက်ပြေးတိမ်းရှောင်နေသော်လည်း ရွာအတွင်း ပိတ်မိနေသူများလည်းရှိ‌ကြောင်း သိရသည်။

ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင်လည်း ဇန်နဝါရီလ ၆ ရက်နေ့က အဝတ်အထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာရသည့်အတွက် ပစ္စည်းယူရန် ရွာထဲသို့ဝင်လာသည့် ပြည်သူများထဲမှ ပြည်သူ ဆယ်ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသမ်း ပစ်ခတ်ခဲ့သည်။

The 74 Media 

စစ်ကြောင်းဝင်လာသဖြင့် ကြောက်လှန့်ထွက်ပြေးသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီပစ်သတ် စစ်ကြောင်းဝင်လာသဖြင့် ကြောက်လှန့်ထွက်ပြေးသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီပစ်သတ် Reviewed by THITHTOOLWIN on 07:01 Rating: 5

No comments:

Powered by Blogger.