ကသာတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ခုနှစ်ဦးသေ


ကသာ - ဇန်နဝါရီ ၁၆၊ ၂၀၂၂။ 

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ယနေ့ ညနေ ၃ နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုးတားလေးကျေးရွာ သံပုရာကုန်းရွာမှ အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ဘူတာစုကျွန်းအနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ 

"မိုင်းဆွဲပေါက်တဲ့အချိန် မြောက်တက်သွားတာ။ လက်ထိတဲ့တစ်ယောက်ကိုတော့ တွဲခေါ်သွားခဲ့တာ။ သူတို့ မိုးတားရွာထဲဝင်တော့ ခုနှစ်ယောက်ကျန်ခဲ့တယ်။ အလောင်းတွေမပါလာဘူး။"  ဟုသူကပြောသည်။ 

စစ်ကောင်စီတပ်တို့သည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သူကဆက်ပြောသည်။ 

ကချင်ပြည်နယ် ရွှေကူဆိပ်ကမ်းမှ ယမန်နေ့ စုန်ဆင်းလာသည့် သင်္ဘောနှစ်စီးသည် ဇန်နဝါရီလ ၁၅ ရက်နေ့က ကသာမြို့နယ် ဆင်ကုန်တိုင်ကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီးနောက် သံပုရာကုန်းကျေးရွာအနီးတွင် ကမ်းကပ်ထားပြီး ယနေ့မွန်းလွှဲပိုင်းမှ ဆက်လက်စုန်ဆင်းသွားကြောင်း သိရသည်။


The 74 Media 

ကသာတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ခုနှစ်ဦးသေ ကသာတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ခုနှစ်ဦးသေ Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.