စစ်​ကောင်စီ၏ဒုရဲအုပ်အပါအဝင် ရဲ​လေးဦး က​လေး-တမူးလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍​သေ၊​ သေနတ် ၃လက်ရရှိ


စစ်ကိုင်းတိုင်း တမူးမြို့နယ် အာရှလမ်းကြီးပေါ် တွင်အကြမ်းဖက်စစ်ကောင်စီလက်​အောက်ခံရဲများစီးနင်းလာ​သော ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ရာတွင်  ဒုရဲအုပ်အပါအဝင်ရဲ ​လေးဦးသေဆုံးသွားကြောင်း တမူးပြည်သူကာကွယ်ရေးတပ်-တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ကလေး-တမူးကို ဆက်သွယ်ထားသည် အာရှလမ်းမကြီးပေါ်ရှိ ဝိတုတ်ကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများက အရပ်သားပုံစံဖမ်း၍ အရပ်ဝတ်များဖြင့် အရပ်သားကားကိုစီးနင်း​မောင်းနှင်လာရာ ယနေ့ ညနေ ၃နာရီခန့် တွင် ဗိုလ်ဇီးကွက် ဦးဆောင်သည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက​ပြောသည်။

အရပ်သားများကဲ့သို့ ဝတ်ဆင်ထား ရဲများက ပါဂျဲရိုးအမျိုးအစားအိမ်စီးကား ဖြင့် ​မောင်းနှင်လာခြင်းဖြစ်ပြီး ၎င်းတို့သည် ဇန်နဝါရီ ၁၆ ရက်က တမူးမြို့ကားလေးရပ်နားဝင်းဖွင့်ပွဲတွင် လုံခြုံရေးယူပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ဟုသိ့ရသည်။

“ရဲကား မှန်းသိလိုစောင့်ကြည့်ပြီး မိုင်းခွဲလိုက်တာပါ။ ဖြစ်စဥ်က ဗိုလ်ဇီးကွက် ဦးဆောင်တဲ့ PDFတမူး တပ်ရင်း၃ တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းမှုဆောင်ရွက်ကြတယ်ပေါ့ ။ ဝိတုပ်ရွာနဲ့ရန်လင်းဖိုင်ရွာ ကြားမှာ ကလေးမြို့ဖက်မှ မောင်းနှင်လာသော ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် မော်တော်ယာဥ်အား မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ပေါ့”ဟု တမူး ပြည်သူကာကွယ်ရေးတပ်-တပ်ရင်း(၃)တာဝန်ရှိသူက People's Spring သို့ပြောသည်။ 

ထိုတိုက်ခိုက်မူတွင် ရဲအုပ်အပါအဝင် လေးဦး သေဆုံးပြီး သေနတ်သုံးလက်နှင့် ဆက်သွယ်ရေးပစ္စည်းများ၊ရဲအသုံးအ​ဆောင်များသိမ်းဆည်းနိုင်ခဲ့​ကြောင်းလည်း သိ့ရသည်။ 

က​လေးမှ တမူးမြို့သို့အလာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့မိုင်းခွဲတိုက်ခိုက်အပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟုလည်း ၎င်းက ဆက်​ပြောသည်။ 

“ညမှောင်သည်ထိတော့ လက်နက်ကြီးနဲ့ ရမ်းပစ်တယ်။  သေနတ်တွေ ရမ်းပစ်တယ်”ဟု ၎င်းက​ ပြောသည်။ 

ယခုကာလတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များသည် တမူးခရိုင်အတွင်း၌ အိမ်စီးကားများ၊ခရီးသည်တင်ကားများ၊ ၁၂ ဘီးကုန် ကားကြီးများ ကို အသုံးပြု ၍  လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိ‌သည်။ထိုကြောင့် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် စစ်ကောင်စီကားများနှင့် မှားယွင်းပစ်ခတ်မှုမဖြစ်မိစေရန် မော်တော်ယဉ်၊ကားမှန်များအား ချပေးထားပါရန် တမူးPDFကယမန်နေ့က မေတ္တာရပ်ခံထားသည်။


People's Spring 

စစ်​ကောင်စီ၏ဒုရဲအုပ်အပါအဝင် ရဲ​လေးဦး က​လေး-တမူးလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍​သေ၊​ သေနတ် ၃လက်ရရှိ စစ်​ကောင်စီ၏ဒုရဲအုပ်အပါအဝင် ရဲ​လေးဦး က​လေး-တမူးလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍​သေ၊​ သေနတ် ၃လက်ရရှိ Reviewed by THITHTOOLWIN on 23:20 Rating: 5

No comments:

Powered by Blogger.