၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၉ရက်၊ ကေအဲန်ယူ ဗဟို
ဇန်နဝါရီလ (၈)ရက်နေ့ ည ၇ နာရီ ၁၀မိနစ်တွင် အာဏာသိမ်း စစ်ကောင်စီ စကခ ၈ ပိန်နဲတော စခန်းမှ လက်နက်ကြီး (81mm)များဖြင့် (၃)ချက် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကေအဲန်ယူ-ဖားအံမြို့နယ်၊ အီဟယ်ရွာလေးကျေးရွာ တွင်နေထိုင်သော မြေးအဖွား (၂)ဦးအား လက်နက်ကြီးစများ ထိမှန်ခဲ့ကာ ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ ပိန်နဲတောစခနျးမှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည်သည် နော်နှင်းကြည် အိမ်ခြေရင်းတွင် ကျရောက်ပေါက်ကွဲပြီး အသက် (၈၈)နှစ်အရွယ် အဘွားအိုနော်နှင်းကြည်၏ ဝမ်းဗိုက်နှင့် အသက် (၇)နှစ်အရွယ် စောစိုးလင်းဦး၏ လည်ပင်းတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီလ (၆)ရက်နေ့ကလည်း အာဏာသိမ်း စစ်ကောင်စီ ပိန်နဲတောစခနျးမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီးကေအဲန်ယူ-ဖားအံမြို့နယ်၊ ကျုံခနကျေးနယ်အုပ်စု၊ ရှောက်ကုန်းရွာလယ်တွင်ကျရောက် ပေါက်ကွဲခဲ့သေးသည်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻
No comments:
Post a Comment