မန္တလေးမှာ ရထားလမ်းပေါက်ကွဲမှုဖြစ်ပြီးနောက် အနီးပတ်ဝန်းကျင်က ကျုးကျော်တွေကိုဘူဒိုဇာနဲ့စစ်ကောင်စီ ရှင်းလင်း

မန္တလေးမှာ ကျုးကျော်တွေကိုရှင်းလင်းတဲ့ စည်ပင်ကားတစ်စီး

မန္တလေး − လားရှိုးရထားလမ်းပိုင်း ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် အနီးပတ်ဝန်းကျင် သံလမ်းဘေးက ကျုးကျော်တဲတွေကို စစ်ကောင်စီဟာ နေ့တွင်းချင်း ဘူဒိုဇာနဲ့ထိုးပြီး ဖယ်ရှားလိုက်တယ်လို့သိရပါတယ်။

မနေ့က ဇန်နဝါရီလ ၉ ရက်မနက်ပိုင်းက  ကျုးကျော်ရှင်းလင်းရေးအဖွဲ့တွေလိုက်ပါလာတဲ့  ရထားတွဲဟာ မန္တလေး − လားရှိုး ရထားလမ်းပိုင်းမှာ ပေါက်ကွဲမှု ၂ ကြိမ်ကြုံခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်တာကတော့  မန္တလေး ၊ပြည်ကြီးတံခွန်မြို့နယ်ထဲမှာဖြစ်ပါတယ်။

အဲဒီနောက် ညနေပိုင်းမှာတင် စစ်ကောင်စီဟာ အနားပတ်ဝန်းကျင်က ကျုးကျော်တဲတွေကို ရှင်းပစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အင်အားအလုံးအရင်းနဲ့ လာရောက်ရှင်းလင်းတာဖြစ်လို့ နေအိမ်ထဲက ပစ္စည်းတွေတောင်ယူချိန်မရလိုက်ဘူးလို့သိရပါတယ်။

"မနက်ခင်းမှာ ဗုံးပေါက်သွားတာကြောင့်နေမယ်၊  ညနေလောက်ကျရောက်ချလာပြီး ဘူဒိုဇာတွေနဲ့အကုန်ထိုးချသွားတာ၊ သေနတ်တွေနဲ့ဆိုတော့ ဘာမှမပြောရဲဘူး ဒီတိုင်းကြည့်နေလိုက်ရတယ်၊အချိန်က မကြာလိုက်ဘူး၊ ရောက်ရောက်ရှင်းရှင်း လုပ်ချသွားတာ"လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ မန္တလေးမှာ ရထားသံလမ်းဘေးက ကျုး ၊ လမ်းဘေးကျုးတွေကို ဆက်တိုက်ရှင်းလင်းတာတွေလုပ်နေတာလည်းဖြစ်ပါတယ်။

People's Spring 

မန္တလေးမှာ ရထားလမ်းပေါက်ကွဲမှုဖြစ်ပြီးနောက် အနီးပတ်ဝန်းကျင်က ကျုးကျော်တွေကိုဘူဒိုဇာနဲ့စစ်ကောင်စီ ရှင်းလင်း မန္တလေးမှာ ရထားလမ်းပေါက်ကွဲမှုဖြစ်ပြီးနောက် အနီးပတ်ဝန်းကျင်က ကျုးကျော်တွေကိုဘူဒိုဇာနဲ့စစ်ကောင်စီ ရှင်းလင်း Reviewed by THITHTOOLWIN on 17:06 Rating: 5

No comments:

Powered by Blogger.