စကစကို တိုက်ခိုက်ရန် လေ့ကျင့်နေသည့် Freedom Revolution Force - FRF ရဲဘော်များ/ Photo – FRF |
ဇန်နဝါရီ - ၁၈
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဆပ်ပြားကျင်းရွာချောင်းအနီး တပ်စွဲထားသော စကစများကို ယနေ့ ညနေပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များက သတင်းထုတ်ပြန်သည်။
ယနေ့ ဇန်နဝါရီ(၁၈)ရက် ညနေ(၅)နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်း ချောင်းအနီးတွင် တပ်စွဲထားသော စကစများကို ဒေသကာကွယ်ရေး မဟာမိတ်တပ်များဖြစ်သော Freedom Revolution Force (F R F) ၊ ကောင်းကင်အဖွဲ့ ၊ LPDF အဖွဲ့များ ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“မိနစ်၃၀ ခန့် အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်။ စစ်ခွေးများ အကျအဆုံး ရှိနိုင်ပါသည်” ဟု FRF တပ်ဖွဲ့က ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက အင်အား(၄၀၀)ခန့်ဖြင့် စစ်ကြောင်း လေးကြောင်းခွဲကာ ဒီပဲယင်းနယ်အတွင်းရှိ PDF များကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ ထို့အပြင် စစ်အုပ်စုသည် ရောက်ရှိရာ ကျေးရွာများသို့ စီးနင်းဝင်ရောက်ကာ မွှေနှောက်လုယက်၊ သတ်ဖြတ် သောင်းကျန်းနေသည်ဟု ဒေသခံများက ဆိုသည်။
Mandalay Free Press - MFP
No comments:
Post a Comment