ပရဒတ်ရွာမှာ ပြည်သူတစ်ဦးကို ပျူစောထီးအဖွဲ့ပစ်သတ်


တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၂၇ 

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ပရဒတ်ရွာမှာ အသက် ၄၆ နှစ်အရွယ်အမျိုးသားတစ်ဦးကို ပျူစောထီးအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ဒီနေ့ နံနက် ၁၀ နာရီဝန်းကျင်က ပရဒတ်ရွာမှာရှိတဲ့ ဥယျဥ်ခြံမှာ သစ်ပင်ရေလောင်းနေတဲ့ ဦးကျော်ဝင်း (ရွာခေါ်နာမည် ဖပလက်) ကို ပျူစောထီးအဖွဲ့ဝင်တွေလာရောက်ပစ်သတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

"မနက်၁၀နာရီ ၁၅လောက်မှာ သေနတ်သံ သုံးလေးချက်ကြားတယ်။နောက်တော့ ဖပလက် ပစ်သတ်ခံရတယ်လို့သိရတာပဲ။ ဖပလက်ကအနေအေးတဲ့ သာမန်ရွာသားတယောက်ပါ" လို့ ရွာသားတဦးက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။ 

ဦးကျော်ဝင်းကို PDF အဖွဲ့တွေနဲ့ အဆက်အစပ်ရှိတယ်လို့စွပ်စွဲပြီး ပစ်သတ်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

ပရဒတ်ရွာမှာ ဦးကျော်ဝင်းအပါအဝင် ရွာသားတစ်ချို့ကို ပျူစောထီးအဖွဲ့က ပစ်မှတ်ထားနေတယ်ဆိုတဲ့ သတင်းထွက်တာတွေလည်းရှိနေတယ်လို့  ဒေသခံတွေကဆိုပါတယ်။ 

ပစ်သတ်ခံရပြီးနောက်မှာ ရေဖြူမြို့က ရဲတွေလာရောက်ပြီး အလောင်းကိုသယ်ဆောင်သွားတယ်လို့သိရပါတယ်။ 


The Tanintharyi Times


ပရဒတ်ရွာမှာ ပြည်သူတစ်ဦးကို ပျူစောထီးအဖွဲ့ပစ်သတ် ပရဒတ်ရွာမှာ ပြည်သူတစ်ဦးကို ပျူစောထီးအဖွဲ့ပစ်သတ် Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.