တီးတိန်မြို့နယ်တိုက်ပွဲ စကစ ၇ဦးသေဆုံး၊ ဖမ်းဆီးခံရတဲ့ တော်လှန်ရေးတပ်ဖွဲ၀င်တစ်ဦး ထွက်ပြေးလွတ်မြှောက်နိုင်ခဲ့

ဇန်နဝါရီလ ၁၂ ရက်နေ့က ကလေးမြို့မှ ချင်းပြည်နယ်ဘက်ကို တက်လာသော စကစအင်းအား ၁၀၀ ကျော် နှင့် PDF Zoland၊ CDM Siyin၊ Zogam Army၊ People’s Defence Army (PDA) ပူးပေါင်းတပ်ဖွဲ့အကြား ယနေ့မနက်ပိုင်း ၁၀နာရီခန့်တွင် တီးတိန်မြို့နယ်၊ ထေးဇန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စကစဘက်မှ ၇ဦး သေဆုံးခဲ့ကြောင်း PDF-Zoland မှ ထုတ်ပြန်သည်။ 

မနက်ပိုင်းတိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လည် ၂ နာရီခန့်တွင် ထေးဇန်ရွာ၊ ကော်ဖီခြံရှိ အိမ် ၃လုံးကို စကစ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က စကစတပ် မှ ဖမ်းဆီးခဲ့သော Civic Defence Militia (CDM) - Siyin တပ်သားတစ်ဦးလည်း စကစလက်မှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ 

Chin News Journal - CNJ

တီးတိန်မြို့နယ်တိုက်ပွဲ စကစ ၇ဦးသေဆုံး၊ ဖမ်းဆီးခံရတဲ့ တော်လှန်ရေးတပ်ဖွဲ၀င်တစ်ဦး ထွက်ပြေးလွတ်မြှောက်နိုင်ခဲ့ တီးတိန်မြို့နယ်တိုက်ပွဲ စကစ ၇ဦးသေဆုံး၊ ဖမ်းဆီးခံရတဲ့ တော်လှန်ရေးတပ်ဖွဲ၀င်တစ်ဦး ထွက်ပြေးလွတ်မြှောက်နိုင်ခဲ့ Reviewed by THITHTOOLWIN on 09:57 Rating: 5

No comments:

Powered by Blogger.