မတ္တရာမြို့နယ် ကောက်ရိုးပုံကျေးရွာမှာ ဒလန်ဆိုသည့်အိမ် မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်များတပ်ဆွဲထား
မတ္တရာ၊ ဇန်နဝါရီ ၁၂
မတ္တရာမြို့နယ် ကောက်ရိုးပုံကျေးရွာမှာ ဒလန်ဟုဆိုသည့်အိမ် မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်များ ဝင်ရောက် တပ်ဆွဲလာသောကြောင့် ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကျေးရွာမှ စစ်ကောင်စီသတင်းပေး တိုးဆောင်ဆိုသူသည် PDF များကို ရိုင်းစိုင်းစွာ ဆဲဆိုစိန်ခေါ်ပြီးနောက် ဇန်နဝါရီလ ၈ရက် ညပိုင်းတွင် ၎င်း၏နေအိမ်မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ယနေ့ (ဇန်နဝါရီ ၁၂) နေ့လယ်ပိုင်းတွင်စစ်ကောင်စီတပ်များက စက်လှေသုံးစီးဖြင့်ရောက်ရှိလာကာ ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"သူ့အိမ်မီးလောင်တော့ ဒေသခံတွေက ထွက်လာပြီး ဘေးအိမ်တွေကို ရေစိုအဝတ်တွေနဲ့ ကာထားပေးတာ။ ဘေးအိမ်တွေလောင်မသွားဘူး။ အဲ့အိမ်ပဲ သပ်သပ်ရပ်ရပ်ကလေးပြာကျသွားတာ"ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်များ ဝင်ရောက်လာစဥ်ကတည်းက ဒေသခံအမျိုးသားများရှောင်တိမ်းနေကြပြီး တောထဲအလုပ်လုပ်နေသည့် အမျိုးသမီးများကိုလည်းနေ့လယ်ထမင်းစားချိန်တွင် ၎င်းတို့က ရွာထဲပြန်မဝင်ကြရန် တားမြစ်ခဲ့ကြောင်း သိရသည်။
ယနေ့ ညနေပိုင်းတွင်လည်း ကျေးရွာအတွင်း သက်ကြီးရွယ်အိုများမှလွဲ၍ ကျေးရွာသားများအားလုံး ရှောင်တိမ်းသွားကြပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဒလန်တိုးဆောင်မှာ မီးလောင်မှုမဖြစ်ခင်ကတည်းက ရှောင်တိမ်းသွားပြီး ၎င်း၏ နေအိမ်၊ ပဲမှော်စဥ်နှင့် ဆိုင်ကယ်နှစ်စီးသာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
Lu Nge Khit
No comments:
Post a Comment