မိုးညို၊ ဇန်နဝါရီ ၅၊ ၂၀၂၂။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ စည်ပင်သာယာရေးရုံးတွေကို ယမန်နေ့ည ၁၂ နာရီခွဲခန့်က ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ထွေအုပ်ရုံးနဲ့ စည်ပင်ရုံးတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စည်ပင်ရုံးကဗုံးကတော့ အသံဗုံးအမျိုးအစားဖြစ်တယ်လို့လည်းသိရပါတယ်။
ဗုံးနှစ်လုံးခွဲတာကို ထွေအုပ်ရုံးမှာထောင်တဲ့တလုံးကမကွဲလို့ ပြန်လည်သိမ်းဆည်းပြီးကြောင်းလည်း သိရပါတယ်။
၎င်းထွေအုပ်ရုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေထိုင်နေပြီး၊ မိုးညိုမြို့နယ်အတွင်းက တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးကာ၊ အဲ့ဒီ ရုံးပေါ်မှာပဲစစ်ကြောရေးပြုလုပ်လေ့ရှိတဲ့နေရာလို့လည်း သိရပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့ည ၇ နာရီအချိန်ကလည်း မိုးညိုထွေအုပ်ရုံးပေါ်ကနေ ဒလန်အုပ်ချုပ်ရေးမှူးရဲ့တူဖြစ်သူ ရာအိမ်မှူးအသတ်ခံရမူ့နဲ့ ပတ်သတ်ပြီး လက်ပံတန်းဒေသခံတဦးကို ရုံးပေါ်မှာစစ်ကြောရေးလုပ်ရင်း လက်လွန်သေဆုံးသွားတဲ့အတွက် ၎င်းရုံးပေါ်ကနေ ပစ်ချပြီး၊ ခုန်ချသေဆုံးတယ်လို့မိသားစုကို အသိပေးခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။
အခုလိုဗုံးခွဲတာနဲ့ ပတ်သက်လို့ မိုးညိုမြို့နယ်ဒေသကာကွယ်ရေးအင်အားစုအဖွဲ့တွေက လုပ်ဆောင်တာဖြစ်ပြီး၊ ဒီလုပ်ဆောင်ချက်ထက်ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမှာဖြစ်ပြီး၊ ပြည်သူတွေ အနေနဲ့လည်းဌာနဆိုင်ရာတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ဝေးနိုင်သမျှ အဝေးဆုံးမှာနေပေးကြဖို့ကို အဲ့အဖွဲ့က တာဝန်ရှိသူကပြောပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment