မင်းအောင်လှိုင်ခွေးဖြစ်ချိန်နီးပြီ တပ်တွင်ပြိုကွဲမှုများစတင်လာနေ

"တပ်တွင်းမယုံကြည်မှု့များ"

၁။ မင်းအောင်လှိုင် အာဏာမသိမ်းခင် အချိန်တွင် စစ်ဗိုလ်ချုပ်အချို့ သဘောမတူကြသကဲ့သို့ ဗိုလ်ချုပ် အဟောင်းများ အချို့မှာလည်း ၎င်းတို့၏ ပိုင်ဆိုင်မှုများထိခိုက် မည်ကို စိုးရိမ်သဖြင့် သဘောမတူခဲ့ကြောင်း အတွင်းသတင်းများအရ သိရှိခဲ့ရသော်လည်း မင်းအောင်လှိုင်၏မိုက်ရူးရဲ အာဏာရူးကာ စစ်တပ်၏ ထုံးစံအတိုင်း အချင်းချင်းပင် ရန်ပြု ဖမ်းဆီးခဲ့သည့်ဖြစ်စဥ်များကြောင့် မင်းအောင်လှိုင်ဘက်သို့ မဖြစ်မနေ ပူးပေါင်းသွားကြရပါသည်။

၂။ တပ်တွင်း​နေပြီး ရုန်းမထွက်နိုင်သည့် အရာရှိကြီးအချို့နှင့် အရာရှိငယ်များ၊ အခြားအဆင့်စစ်သည်များမှ အတွင်းသတင်းများအား နီးစပ်ရာ​တော်လှန်​ရေး အဖွဲ့များသို့ ​ပေး​နေခြင်း၊အရာရှိကြီးပိုင်းတွင်လည်း လူမဆန်သည့် အမိန့်များအား လိုက်နာ​ဆောင်ရွက်ခြင်း မရှိသည့် ဖြစ်စဥ်များ​ကြောင့် စစ်တိုင်မှူးအဆင့်များအား ဟန်မပျက်အရပ်ဖက် ဝန်ကြီးဌာနများသို့ ​ပြောင်း​ရွေ့ခြင်း၊စစ်​ရေးတွင်အ​ရေးကြီးသည့်​နေရာများအတွက် အမိန့်နာခံပြီး လူမဆန်သည့်လုပ်ရပ်များအား လုပ်​နိုင်မည့် လူယုတ်မာများကို ရာထူးတိုး​ပေးကာ အစားထိုးမှုများ အကြိမ်ကြိမ်ပြုလုပ်ကာ မင်း​အောင်လှိုင် အာဏာ အကြိမ်ကြိမ်တည်​ဆောက်​နေရသည့် အ​ခြေအ​နေပင်ဖြစ်ပါသည်။

၃။ သိသာ​​သော​​နေရာ​ရွေ့​ပြောင်းမှု့အ​နေဖြင့် နမခ တိုင်းမှူးအား စကစ ဒုဝန်ကြီးအဖြစ် ​ပြောင်း​ရွေ့ပြီး အမိန့်နာခံမည့် လူသစ်အားရာထူးတိုးကာတာဝန်​ပေးခဲ့ခြင်း၊ လေတပ်ဦးစီးချုပ်မောင်မောင်ကျော်ကိုဖြုတ်ပြီးထွန်းအောင်အားနေရာပေးခြင်း၊စကစ အတွင်း​ရေးမှူး​တာဝန်ယူထားသည့် ​အောင်လင်း​ဒွေး၏တပ်ဖက်တာဝန်မှာ စစ်ဥပ​ဒေချုပ်တာဝန် ရှိ​သော်လည်း အတွင်း​ရေးမှူးတာဝန်နှင့် စစ်ဖက် တာဝန်ပါ ရယူထားပါက မအလ အတွက် အန္တရယ် ရှိလာနိုင်သည့် အရိပ်အ​ယောင် မြင်လာ​သော​ကြောင့် စစ်ဘက် တာဝန်အား အခြား ဗိုလ်ချုပ်တစ်​ယောက်(မျိုးသက်နောင်)ကို ရာထူးတိုး ခန့်အပ် လိုက်ခြင်းတို့မှာ လုပ်ပိုင်ခွင့် ​လျှော့ချလိုက်ခြင်းပင်ဖြစ်ပါသည်။ မအလ အာဏာတည်​ဆောက် မှု့များ လုပ်​​နေရခြင်းကိုကြည့်ခြင်းဖြင့် တပ်တွင်း အက်​ကြောင်းများဆက်တိုက်ဖြစ်​ပေါ်​နေ​ကြောင်းနှင့် စကစ အဖွဲ့ အတွင်း​ရေးမှူး ကိုပင် မယုံကြည် ​တော့သည့် အ​ခြေအ​နေသို့ ​ရောက်​နေပြီဖြစ်ပါသည်။

၄။ မင်း​အောင်လှိုင် သည် ​နောက်ဆုံး ထွက်​ပေါက်အ​နေဖြင့် ​တော်လှန်​ရေး အင်အားစုများ အပါအဝင် PDF အဖွဲ့များ၊Local PDF အဖွဲများအား ၂၀၂၂ ခု ပထမ ၄ လတွင် အမြစ်ပြတ်​ခြေမှုန်း ရန် စီစဥ်ထား​သော်လည်း ​မြေပြင်စစ်သည် အင်အားနှင့် မကျွမ်းကျင်မှု့ အားနည်းချက်များ၊​​တော်လှန်​ရေး အဖွဲ့များ၏ တုန့်ပြန်နိုင်မှု့​ကြောင့် ထင်သ​လောက် ခရီးမ​ပေါက်ဘဲ ကျဆုံးမှု့ နှင့်သာရင်ဆိုင်​နေရသဖြင့် ​လေ​ကြောင်း နှင့် လက်နက်ကြီးအားကိုးကာ တိုက်ခိုက်လာခဲ့ခြင်းဖြစ်ပါသည်။စကစ အ​နေဖြင့် ​လေ​ကြောင်းအားကိုးတိုက်ခိုက်​နေ​သော်လည်း ​တော်လှန်​ရေး အဖွဲ့များ၏ ရွပ်ရွပ်ချွန်ချွန် တုန့်ပြန်မှု များ​ကြောင့် ရဟတ်ယာဥ် ၁စီးပျက်ကျခဲ့ပြီး အခြားတိုက်ပွဲတွင်လည်း Mi 17 no 6616 ရဟတ်ယာဥ်တစ်စီး ဆီတိုင်ကီ ​ပေါက်သွားတာ ပြင်ဆင်မှု့ လုပ်လိုက်ရ​ကြောင်း အတွင်းသတင်းအရသိရပါသည်။

၅။ စကစ ​လေတပ်တွင် လက်ပူတိုက်သုံး​နေရ​သော​လေယာဥ် အများအပြားဖြစ်​နေပါသည်။ အချို့​လေယာဥ်များမှာ အင်ဂျင်သက်တမ်း ကုန်​နေပြီ ဖြစ်သဖြင့် ကြာရှည် အဆင်​ပြေနိုင်​တော့မှာမဟုတ်ဘဲ မြန်မာပြည်ထုံးစံအတိုင်း အင်ဂျင်တူ သည့် ယာဥ် အချင်းချင်း လဲတပ်သုံး​နေရပြီဖြစ်ပါသည်။Mi 17 နှင့် Mi 35 တို့မှာ အင်ဂျင်တူ​ကြောင်းသိရပါသည်။ ​လေယာဥ်​မောင်းများအ​နေဖြင့်လည်း ​လေယာဥ်များအ​​ပေါ်မယုံကြည်ကြ​သော်လည်း မင်း​အောင်လှိုင်မှ ဇွတ်အတင်း ခိုင်း​စေသဖြင့် ​လေ​ကြောင်း သာလွန်အင်အားဖြင့် တိုက်ခိုက်​နေ​သော်လည်း ​သေခြာ​သော ထိ​ရောက်မှု့မရှိ ​ကြောင်းသိရပါသည်။

လေယာဉ်မှုးများကို မနက်ည အဆောင်တခုတွင်ထားပြီး အလှည့်ကျပျံသန်းခိုင်းစေခြင်းကြောင့်လေယာဉ်မှုးများ ပင်ပန်းနွမ်းနယ်နေကြပြီး မိသားစုဝင်များကို ပြည်သူများမှပညာပေးကြမည့်သတင်းများကြောင့်စိုးရိမ်စိတ်များမြင့်တက်လျက် စိတ်ဓာတ်ပျက်ပြားနေကြကြောင်း အတွင်းသတင်းများအရသိရှိရသည်။

၆။ နောက်ထပ်အတွင်း သတင်းများမှာ မအလသားအောင်ပြည့်စုံနှင့် လေချုပ်မောင်မောင်ကျော်သားအိုင်ဗန်ထက်တို့အကြား စီးပွါးရေးအဝေမတည့်မှု ပုဂ္ဂိုလ်ရေး မကျေလည်မှုအရ လေချုပ်မောင်မောင်ကျော်အား စစ်ဆင်ရေးမအောင်မြင်ဟူသောအကြောင်းပြချက်ဖြင့် အရံအင်အားပို့လိုက်ခြင်းပင်ဖြစ်သည်။နောက်ထပ်ထူးခြားသည်မှာ မအလနှင့်အဆင်မပြေဖြစ်နေသော မြထွန်းဦးလူ၊ရှမ်းတဲလေတပ်မှလောက်ကိုင်တိုက်ပွဲတွင်နာမည်ရခဲ့သော ဗိုလ်ချုပ်ထွန်းအောင်အား လေချုပ်ရာထူးခန့်အပ်လိုက်ခြင်းသည် မအလမြွေပွေးခါးပိုက် ပိုက်လိုက်ခြင်းဖြစ်ကြောင်း လေတပ်အသိုင်းအဝိုင်းကပြောဆိုနေကြခြင်းဖြစ်သည်။ မအလ ၏ ကိုယ်ရေးအရာရှိဟောင်း ဗိုလ်ချုပ်ဇော်ဟိန်း နှင့်သူ့ကတော်မှ သူတို့နှင့်ပုလဲနံပသင့်သော အရာရှိကြီးများကို မအလထောက်ခံလာအောင် ဒေါ်ကြူကြူလှနှင့်အခြားဗိုလ်ချုပ်ကြီးများမှတဆင့်ဆောင်ရွက်နေကြကြောင်းအတွင်းသတင်းများအရ သိရှိရသည်။နေပြည်တော်စစ်ရုံးတွင် စိုးဝင်းလူနှင့်မအလလူ ဗိုလ်ချုပ်ကြီးများအကြားအတွင်းကြိတ်အားပြိုင်နေမှုပြင်းထန်လာကြောင်းကြားသိရသည်။

၇။ ထိုကဲ့သို့ထိပ်ပိုင်းစစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများအကြား ပါဝါချင်းအားပြိုင်ကာ အကျိုးစီးပွါးအတွက် အလုအယက်ဆောင်ရွက်နေချိန်တွင် အောက်ခြေရဲဘော်အရာရှိများအကြား အခွင့်အရေးမညီမျှခြင်း၊ရှေ့တန်းပြီးရှေ့တန်းသွားနေရခြင်း၊သေဆုံးနှင့်ထွက်ခွင့်များကိုလစ်လျှူရှုခံရခြင်း၊ပြည်သူမကြည်ဖြူခြင်း၊တော်လှန်ရေးအဖွဲ့များ၏လက်သံပြောင်ဆောင်ရွက်ခြင်းများကြောင့်စစ်ပန်းကာ စိတ်ဓာတ်ကျဆင်းမျှော်လင့်ချက်ကင်းမဲ့နေကြကြောင်းကြားသိရသည်။မည်သို့ပင်ဆိုစေကာမူ ကိုယ်ကျိုးစီးပွါးနှင့်ပတ်သက်လာလျင်အချင်းချင်းကျောချင်းကပ်သွားတတ်ကြသောစစ်အာဏာရှင်ကြီးများသည် သူတို့အကျိုးစီးပွါးမထိခိုက်မချင်း တုန်လှုပ်တတ်သည့်သဘောသဘာဝမရှိတတ်ကြောင်းကို တော်လှန်ရေးရဲဘော်များသိရှိထားရန်လိုအပ်ပြီး စစ်အာဏာရှင်စနစ် မြန်မာ့ပြေပေါ်မှအမြစ်ပြတ်စေရန် ယခုထက်ပိုမိုပြီး စည်းလုံးညီညွတ်စွာ၊စုစည်းကျစ်လစ်လျှို့ဝှက်စွာ တော်လှန်တိုက်ထုတ်ကြရန်အကြံပြုတင်ပြအပ်ပါသည်။

ကိုယ်ကျိုးသမား စစ်အာဏာရှင်မအလနှင့်လက်ဝေခံများ ဗိုလ်ချုပ်ကြီးများမုချကျရှုံးလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရမည်။အရေးတော်ပုံမုချအောင်ရမည်။

အကိုကြီးညီ

D-Day Channel



မင်းအောင်လှိုင်ခွေးဖြစ်ချိန်နီးပြီ တပ်တွင်ပြိုကွဲမှုများစတင်လာနေ မင်းအောင်လှိုင်ခွေးဖြစ်ချိန်နီးပြီ တပ်တွင်ပြိုကွဲမှုများစတင်လာနေ Reviewed by THITHTOOLWIN on 04:18 Rating: 5

No comments:

Powered by Blogger.