ရေဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်


ရေဦး - ဇန်နဝါရီ ၂၄၊ ၂၀၂၂။ 

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် စစ်အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းတစ်ခုကို ဒေသခံတော်လှန်ရေးအဖွဲ့များက ယနေ့နံနက် ၆ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ည စည်းကြီးကျေးရွာတွင် ညအိပ်ပြီး ယနေ့နံနက် တမတောကျေးရွာသို့ ထွက်ခွာစဉ် မိုင်းဆွဲခံရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ 

"စက‌စတွေ မနေ့ညက စည်းကြီး၊ ပေကြီးရွာအိပ်ပြီး ဒီကနေ့နံနက်ပိုင်း တမတောရွာ၊ ပါရမီရွာ၊ ရွာအိုင်းရွာ၊ ဖရုံကုန်းရွာတဝိုက် ဝင်ရောက်ပစ်ခတ်ရန် လာစဉ် တော်လှန်ရေးအဖွဲ့တွေ မိုင်းဆွဲတာပါ" ဟုပြောသည်။ 

မိုင်းဆွဲခံရသောကြောင့် စစ်ကောင်စီတပ်က မည်မျှ ထိခိုက်သေဆုံးသည်ကို မသိရှိရသေးကြောင်း သူကဆက်ပြောသည်။ 

စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တမာတောကျေးရွာအနီးရှိ ပါရမီကျေးရွာ၊  ခေါစပ်ကုန်းကျေးရွာ နှင့် ရွာအိုင်းရွာများသို့  စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူများ ယခုချိန်တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ရေဦးမြို့နယ်တွင် ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ခုနစ်ဦးကျဆုံးခဲ့ရသည်။


The 74 Media 

ရေဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် ရေဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် Reviewed by THITHTOOLWIN on 19:25 Rating: 5

No comments:

Powered by Blogger.