မတူပီမြို့ပေါ်တွင် စကစ စစ်ခွေးများ သေနတ်များပစ်ဖောက် ထင်တိုင်းကြဲ သောင်းကျန်းနေ

Jan 21

ယမန်နေ့ Jan 20 နေ့လည်ခန့်တွင် မင်းတပ်မှ ဆင်းလာသည့် စကစယာဉ်တန်း ၉၀ ကျော်ဟာ မတူပီမြို့ကို ရောက်ရှိခဲ့ပါသည်။ ညနေပိုင်း ၆ နာရီခန့်တွင် စကစ စစ်ခွေးတွေဟာ မြို့ထဲကို ဆိုင်ကယ်များနဲ့ ပတ်ပြီး မြို့လည်ခေါင်မှာပင် သေနတ်များ အချက်ပေါင်းများစွာ ပစ်ဖောက်ခဲ့ကြကြောင်းသိရသည်။ 

ထို့နောက် ညပိုင်းတွင် ခိုဘွေရပ်ကွက်မှ လူငယ်များ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ထိုစကစများဟာ တွေ့သမျှလူတွေကို ဆဲဆိုကြိမ်းမောင်းသွားကြောင်းလဲ သိရသည်။ 

" ဆယ်ကယ်ပေါ်ကနေ သေနတ်တွေ အချက်ပေါင်းများစွာ ပစ်ဖောက်ကြတယ် ၊ ခိုဘွေရပ်ကွက် က လူတွေဖမ်းခံရတယ်ကြားတယ်။ လူငယ်တွေက အပြင်ထွက်လို့အဖမ်းခံရတာလား၊ စခ တွေက အိမ်ထဲထိ ဝင်ပြီးဖမ်းသွားတာလား အတိအကျမသိဘူး၊ စစ်ခွေးတွေကတော့ အရက်မူးနေကြတယ်ပြောတယ်" ဟုမြို့ခံတစ်ဦးမှ Matupi Revolution News ကိုပြောပါသည်။ လူငယ် ဘယ်နှစ်ယောက်အဖမ်းခံရတယ်ဆိုတာကို မသိရသေးဘဲ စုံစမ်းနေဆဲ ဖြစ်ပါသည်။

ယနေ့တွင်လဲ ဗျူဟာကုန်းကနေမြို့ထဲ - (၃၀၄) -၁၄၀ စစ်ခွေးကားများ သွားသွားလာလာ ခြေရှုပ်နေကြကြောင်း၊ အင်အားဖြည့်လာသည့် စစ်ခွေးများဟာ မတူပီမြို့နယ် မြောက်ပိုင်းတွင် နေရာယူထားသော CDF-Matupi နှင့် ပူးပေါင်းတပ်ဖွဲ့ တွေကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်တာ ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြပါသည်။ 

Update: ဖမ်းဆီးခံရသူများဟာ  ခိုဘွေရပ်ကွက်မှ ဦးခင်မောင်၊  ဦးယောဘ၊ ဦးဆန်းအောင် နင့် ဦးအောင်သူ တို့ဖြစ်ကြောင်း ၊ ထိုလေးဦးမှာ အရက်သောက်ပြီး အိမ်အပြန်လမ်း၌ ဖမ်းဆီးခံရကြောင်း ကနေဦးသိရှိရပါသည်။


𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

မတူပီမြို့ပေါ်တွင် စကစ စစ်ခွေးများ သေနတ်များပစ်ဖောက် ထင်တိုင်းကြဲ သောင်းကျန်းနေ မတူပီမြို့ပေါ်တွင် စကစ စစ်ခွေးများ သေနတ်များပစ်ဖောက် ထင်တိုင်းကြဲ သောင်းကျန်းနေ Reviewed by THITHTOOLWIN on 22:44 Rating: 5

No comments:

Powered by Blogger.