ပုသိမ်တွင် စစ်ကောင်စီက မီတာခ အတင်းအကြပ်ကောက်ခံနေပြီး မပေးသည့် နေအိမ်များမှ မီတာများလိုက်ဖြုတ်နေ


ပုသိမ်၊ ဇန်နဝါရီ ၂၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက မီတာခတွေ အတင်းတောင်းခံနေပြီး မပေးတဲ့နေအိမ်တွေကို မီတာ ဖြုတ်တာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီက ဇန်နဝါရီလဆန်းပိုင်းက စတင်ကာ အမှတ် ၂ ရပ်ကွက်ထဲက နေအိမ်တွေကို မီတာလိုက်ဖြုတ် နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ မီတာကောက်တာက အရင်အကျွေးတွေပါ ပေါင်းကောက်တာ မဆောင်ခဲ့တဲ့ဟာတွေရော ကိုဗစ်တုန်းက လျော့ပေးထားတဲ့ဟာတွေပါ ကောက်တော့ မပေးနိုင်ကျတော့ဘူး အဲ့တော့ မီတာတွေလိုက်ဖြုတ်နေတာ”လို့ ပုသိမ်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

သမ္မတရပ်ကွက်ထဲက မီတာမဆောင်တဲ့နေအိမ်တွေကို အရန်မီးသတ် ဦးအေးကြွယ်က မီတာဖြတ်ဖို့အတွက် လိုက်လံပြသပေးနေတာလို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မီတာခတွေ ၂ ဆနီးပါတိုးမြင့်လာသလို မီးလာချိန်ကလည်း နာရီဝက်လောက်သာရှိပြီး မီးပြတ်ချိန်မှာ ၃ နာရီကနေ ၄ နာရီကြား ကြာလေ့ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။


Ayeyarwaddy Times 

ပုသိမ်တွင် စစ်ကောင်စီက မီတာခ အတင်းအကြပ်ကောက်ခံနေပြီး မပေးသည့် နေအိမ်များမှ မီတာများလိုက်ဖြုတ်နေ ပုသိမ်တွင် စစ်ကောင်စီက မီတာခ အတင်းအကြပ်ကောက်ခံနေပြီး မပေးသည့် နေအိမ်များမှ မီတာများလိုက်ဖြုတ်နေ Reviewed by THITHTOOLWIN on 00:15 Rating: 5

No comments:

Powered by Blogger.