ကော့သောင်းမြို့ပေါ်စျေးဆိုင်များကို စစ်ကောင်စီက ဖေ ဖော်ဝါရီ ၁ ရက်နေ့ ဆိုင်ဖွင့်ပါမည်ဆိုသည့် ခံဝန်ကတိတဆိုင်ဝင်တဆိုင်ထွက်လက်မှတ်ထိုးခိုင်း

ဓာတ်ပုံ - ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က အသံတိတ်သပိတ်တွင်မပါဝင်ရေး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ညအချိန်မတော်အသံချဲ့စက်ဖြင့်လိုက်အော်နေစဥ်

ဇန်နဝါရီ ၂၇ ရက်

တနင်္သါရီတိုင်း၊ ကော့သောင်းမြို့ပေါ်ရှိစျေးဆိုင်များကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အသံတိတ်သပိတ်တွင်မပါဝင်ကြောင်းနှင့် ဆိုင်ဖွင့်ပါမည်ဆိုသည့် ခံဝန်ကတိကို ယနေ့မနက်ပိုင်းတွင် ဆိုင်ရှင်များအား ဖိအားပေးလက်မှတ်ထိုးခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။

'' အရပ်ဝတ်နဲ့ ၂ယောက်ရောက်လာတယ်။ သူတို့လက်ထဲကစာရွက်ကိုဖတ်ခိုင်းတယ်။ ခံဝန်လက်မှတ် ထိုးခိုင်းတယ်။ အဲ့ဒီနေ့ဆိုင်ပိတ်ရင်ဘယ်လိုအ ရေးယူခံရမယ်ဆိုတာ သိပါတယ်ဆိုတဲ့သဘောမျိုး ထိုးခိုင်းတာပေါ့။'' ဟု ကော့သောင်းမြို့ စျေးဆိုင်ဖွင့်လှစ်ထားသူ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့ အသံတိတ်သပိတ်ပြု လုပ်မည်ဖြစ်ပြီး ပြည်သူတရပ်လုံးပါဝင်ကြရေး သပိတ်အင်အားစုများက နှိုးဆော်နေချိန်တွင် စစ်ကောင်စီတပ်က အဆိုပါသပိတ်တွင်ပါဝင်သူများကို ထောင်တသက်ထိကျခံစေနိုင်သည့် ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

အာဏာသိမ်းနှစ်ပတ်လည်နေ့ အသံတိတ်သပိတ်မတိုင်မီ စစ်ကောင်စီက မြို့အတော်များများတွင် စျေးသည်များကို ဖိအားပေးစျေးဆိုင်ဖွင့်ခိုင်းခြင်း၊ သ ပိတ်တွင်မပါဝင်​ရေးကို  အသံချဲ့စက်ဖြင့် တလမ်းဝင်တလမ်းထွက် လိုက်လံအော်နေကြောင်း ဒေသခံများထံက သိရသည်။


Ayeyarwaddy Times 

ကော့သောင်းမြို့ပေါ်စျေးဆိုင်များကို စစ်ကောင်စီက ဖေ ဖော်ဝါရီ ၁ ရက်နေ့ ဆိုင်ဖွင့်ပါမည်ဆိုသည့် ခံဝန်ကတိတဆိုင်ဝင်တဆိုင်ထွက်လက်မှတ်ထိုးခိုင်း ကော့သောင်းမြို့ပေါ်စျေးဆိုင်များကို စစ်ကောင်စီက ဖေ ဖော်ဝါရီ ၁ ရက်နေ့ ဆိုင်ဖွင့်ပါမည်ဆိုသည့် ခံဝန်ကတိတဆိုင်ဝင်တဆိုင်ထွက်လက်မှတ်ထိုးခိုင်း Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.