မြို့လှ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံး


စစ်ကိုင်းတိုင်း ကသာမြို့နယ် မြို့လှ PDF တပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများခဲ့ကြောင်း ‌ဒေသရင်းမြစ်တစ်ဦးထံမှ သိရသည်။

အင်အား ၆၀ ခန့်ရှိသည့် စစ်‌ကောင်စီတပ်တို့ ရွှေငြိမ်းချမ်းရွာမှတဆင့် ကျောက်ကြီးရွာဖက်သို့ဦးတည်ကာ ခြေလျှင်စစ်ကြောင်းထိုးခဲ့စဉ် လွင်ယားဒေသအနီး၌ မြို့လှ PDF တပ်မှ ဗိုလ်မိုလ်းကြိုး ဦးဆောင်သည့်တပ်ဖွဲ့မှ မိုင်း ၁၆ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသရင်းမြစ်တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

" တိုက်ပွဲဖြစ်တာက တစ်နာရီလောက်ရှိမယ် ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ပြီ" လို့ ဒေသသတင်းရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ မိုင် ၁၆လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားကြောင်း ၎င်းကဆက်ပြောသည်။

ကသာမြို့နယ်အတွင်းရှိ ယခုရက်ပိုင်း နှစ်ဖက်တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ ဇန်နဝါရီ ၁၇ ရက်နေ့တွင်လည်း ကသာနယ်၊ မတ်ကြီးကုန်းရွာအနီးတွင် မြို့လှ PDF + KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကြောင်း မြို့လှ PDF မှ ၎င်းတို့၏ လူမူကွန်ယက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁ရက်နေ့မှ ၁၉ရက်နေ့ထိ ကသာနယ်အတွင်း မြို့လှ PDF တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၉ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ကသာနယ်အတွင်း အာဏာသိမ်းပြီးနောက် လေကြောင်းဖြင့်တိုက်ခိုက်မူ ၄ကြိမ်ထိ ရှိလာပြီဖြစ်သည်။


Kachin News Group

မြို့လှ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံး မြို့လှ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 19:25 Rating: 5

No comments:

Powered by Blogger.