မြောက်ဥက္ကလာ လျှပ်စစ်ရုံးရှေ့ ပေါက်ကွဲမှုဖြစ်

(ပေါက်ကွဲမှုအပြီး မြောက်ဥက္ကလာအဝိုင်းကို စစ်ကောင်စီဝင်များ ပိတ်ဆို့စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - SOK News)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက် သုဓမ္မာလမ်းရှိ မြို့နယ်လျှပ်စစ်မန်​နေဂျာရုံးရှေ့တွင် ယနေ့ (ဇန်နဝါရီ ၂၀) နံနက် ၁၁နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

"လျှပ်စစ်ရုံးရှေ့နားမှာ ပေါက်ကွဲမှု ဖြစ်တာပါ။ ရုံးရှေ့ အုတ်တံတိုင်းနဲ့ ပလက်ဖောင်းကြားမှာ ပေါက်တာလို့တော့ သိရတယ်။ လူတော့ ထိခိုက်မှုမရှိပါဘူး။ မီတာလာဆောင်တဲ့သူတွေတော့ လန့်ပြီးပြန်ပြေးသွားကြတယ်" ဟု အဆိုပါ ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီဝင်တပ်သားအများအပြား ရောက်ရှိလာပြီး မြောက်ဥက္ကလာအဝိုင်းနှင့် လျှပ်စစ်မီတာရုံးအနီး လမ်းများပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဘဏ္ဍာငွေဖြစ်သည့် လျှပ်စစ်မီတာခများကို ပေးဆောင်ခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူများကို တောင်းဆိုထားပြီး  မီတာရုံးများကိုလည်း သတိပေး ဗုံးခွဲတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိကြသည်။


People's Spring 

မြောက်ဥက္ကလာ လျှပ်စစ်ရုံးရှေ့ ပေါက်ကွဲမှုဖြစ် မြောက်ဥက္ကလာ လျှပ်စစ်ရုံးရှေ့ ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.