ဖလမ်းမြို့နယ်ထဲက တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၉ ဦး သေ


ဇန်နဝါရီ ၁၆ ရက်၊ ဖလမ်း

ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ CNDF တို့အကြားက တိုက်ပွဲမှာ စစ်တပ်ဘက်က ၉ ဦး သေဆုံးခဲ့တယ်လို့ မနေ့ ဇန်နဝါရီ ၁၅ ရက် ည ၉ နာရီခွဲကျော်မှာ ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့နယ် ဝေဘူလမြို့ကနေ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ် ဇန်နဝါရီ ၁၄ ရက် မနက် ၃ နာရီက မွှန်လီရွာနဲ့ ဗားရ်စခန်းအကြား CNDF မှ ထောင်ထားတဲ့ နင်းမိုင်း၊ တိုက်မိုင်းကြောင့် ၅ ဦး သေဆုံးခဲ့ပြီး ဗားရ်စခန်းမှာ ညအိပ်စခန်းချခဲ့ကြပါတယ်။

မနေ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း အဆိုပါ ဗားရ်စခန်းကနေ ပြန်လည်ထွက်ခွာလာကြရာ ဖလမ်းမြို့နယ် ပါရ်သဲကျေးရွာအနီး CNDF နဲ့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီခွဲအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး CNDF ရဲ့ မိုင်းနဲ့ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ၄ ဦးခန့် သေဆုံးပြီး (၁၀)ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်သို့ တက်လာတဲ့ စစ်ကောင်စီရဲ့ကားကို CNDF အပါအဝင် ချင်းတပ်မတော် (CNF/CNA)၊ CDF-KKG, Zoland-PDF နဲ့ CDM ပူးပေါင်းတပ်တို့က တီးတိန်မြို့နယ် ဟိန်းဇိန်ကျေးရွာမှ ခုခံတိုက်ခိုက်ခဲ့ကြရာ စစ်တပ်က လေကြောင်းအသုံးပြု ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးအခြေအနေအရ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်တဲ့အတွက် လူထုတွေအနေနဲ့ ဖလမ်း-ကလေး လမ်းမကြီး၊ ဖလမ်း-ဝေဘူလ လမ်းဘက်သို့ ခရီးသွားလာခြင်း မပြုကြဖို့လည်း အသိပေးထားပါတယ်။


Shwe Phee Myay News Agency 

ဖလမ်းမြို့နယ်ထဲက တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၉ ဦး သေ ဖလမ်းမြို့နယ်ထဲက တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၉ ဦး သေ Reviewed by THITHTOOLWIN on 23:16 Rating: 5

No comments:

Powered by Blogger.