တောင်ကြီးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆဲဆိုထားသည့်စာတန်းအား စစ်တပ်မှ လာဖြုတ်စဉ် ဗုံးပေါက်ကွဲ


မဲခေါင်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်၏မြို့တော်၊ တောင်ကြီးမြို့တွင် ယနေ့၊ မွန်းလွှဲပိုင်းအချိန်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆဲဆိုထားသည့်စာတန်းအား စစ်တပ်မှ လာဖြုတ်စဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

တောင်ကြီးမြို့ မြကန်သာအဝိုင်းအနီး ယနေ့နံနက်ပိုင်းကချိတ်ဆွဲခဲ့သော စာတန်းအားလာဖြုတ်သည့် စစ်ကောင်စီတပ်သားများအား တောင်ကြီး Local PDFအဖွဲ့တစ်ခုမှ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"၁၀နာရီခွဲကျော်လောက်တုန်းက လာဖြုတ်တော့ ဗုံးပေါက်ကွဲတာ။ ၃ယောက်ထိခိုက်ဒဏ်ရာရသွားတာတော့ တွေ့ရတယ်။ ဒဏ်ရာတော့ မပြင်းထန်လောက်ဘူး"ဟု ၎င်းက ပြောသည်။

အဆိုပါဖောက်ခွဲမှုကို တောင်ကြီးမြို့ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် ဘာမြင်မြင် မကိုင်ကြည့်ပါရန်နှင့် စကစလုပ်ငန်းများ၊ ရုံးများနှင့် အဝေးဆုံး၌သာ နေပေးကြပါရန် ‌တောင်ကြီးတော်လှန်ရေးအင်အားစုက  မေတ္တာရပ်ခံထားသည်။

အဆိုပါမြကန်သာအနီးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆဲဆိုကာ "ငါတို့ပြန်လာခဲ့မယ်" ဟု သတိပေးစာတန်း ယနေ့နံနက်ပိုင်းက ချိတ်ဆွဲထားခဲ့ခြင်းဖြစ်သည်။


MeKong News - မဲခေါင်သတင်း

တောင်ကြီးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆဲဆိုထားသည့်စာတန်းအား စစ်တပ်မှ လာဖြုတ်စဉ် ဗုံးပေါက်ကွဲ တောင်ကြီးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆဲဆိုထားသည့်စာတန်းအား စစ်တပ်မှ လာဖြုတ်စဉ် ဗုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 19:10 Rating: 5

No comments:

Powered by Blogger.