ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တစ်နိုင်ငံလုံး လုပ်ဆောင်မည့် အသံတိတ်သပိတ် အစီအစဉ်ကို အာဏာသိမ်းအဖွဲ့က ကြောက်လန့်တကြား လိုက်လံ တားမြစ်နေ


လာမည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်အာဏာသိမ်းခံရမှု တစ်နှစ်ပြည့်အဖြစ် လူထုက လက်နက်မကိုင်ဘဲ ငြိမ်းချမ်းစွာတော်လှန်ကြမည့်  Silent Strike ကို  အာဏာသိမ်းစစ်ကောင်စီက ကြောက်လန့်တကြားဖြင့် ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် လိုက်လံတားမြစ်နေသည်ကို တွေ့ရသည်။

အာဏာသိမ်းခံရသည့် တစ်နှစ်ပြည့်မည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင်  စစ်အာဏာရှင်ပြုတ်ကျ‌ရေး အသံတိတ်သပိတ် (Silent Strike) ကို လုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်သည့်စာများကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခြင်း၊ Silent Strike တွင် ပါဝင်ခြင်းမပြုလုပ်ကြရန် အာဏာသိမ်းစစ်ကောင်စီက ဒေသအလိုက် လိုက်လံကြေညာအသိပေးနေသည်ကို ဇန်နဝါရီလ (၂၄)ရက်နေ့ဝန်းကျင်ကတည်းက လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံအဖွဲ့များသည် လာမည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဆိုင်ပိတ်မည်ဟု ကြေညာထားသည့်ဆိုင်များကိုပင် ဝင်ရောက်ဖမ်းဆီးခြင်းများ လုပ်နေသည်ကိုလည်း တွေ့နေရသည်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မည့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်အာဏာရှင်ပြုတ်ကျ‌ရေး အသံတိတ်သပိတ်(Silent Strike) ကို ပြုလုပ်ရန် ပြည်သူမှ ပြည်သူသို့ နှိုးဆော်ခြင်းများကို ပြုလုပ်နေကြပြီး ယင်းနေ့တွင် နံနက် (၁၀) နာရီမှ ညနေ (၄) နာရီတွင်း အပြင်ကိုမထွက်ကြဘဲ အိမ်တွင်နေထိုင်ကြပြီး အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံး၊ ပေးဆပ်ခဲ့ရ၊ ထောင်ကျခံနေရသည့်  ပြည်သူများအတွက် ကောင်းမှုကုသိုလ်ပြုခြင်း၊ အမျှဝေ မေတ္တာပို့သခြင်းနှင့် Click ခြင်းများ လုပ်ဆောင်ကြရန် နှိုးဆော်ထားကြသည်ကို တွေ့ရသည်။


Tachileik News Agency 

ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တစ်နိုင်ငံလုံး လုပ်ဆောင်မည့် အသံတိတ်သပိတ် အစီအစဉ်ကို အာဏာသိမ်းအဖွဲ့က ကြောက်လန့်တကြား လိုက်လံ တားမြစ်နေ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တစ်နိုင်ငံလုံး လုပ်ဆောင်မည့် အသံတိတ်သပိတ် အစီအစဉ်ကို အာဏာသိမ်းအဖွဲ့က ကြောက်လန့်တကြား လိုက်လံ တားမြစ်နေ Reviewed by THITHTOOLWIN on 22:58 Rating: 5

No comments:

Powered by Blogger.