အကြမ်းဖက်စစ်ကောင်စီအတွက် စက်သုံးဆီ အပါအဝင် လေယာဥ်ဆီများ ဖြည့်တင်းပေးနေသည် ဟု နာမည်ကြီးသည့် တာမွေရှိ မြတ်မေတ္တာမွန်(MMTM) ဆီဆိုင်တွင် ဗုံးပေါက်ကွဲကြောင်းဒေသခံများက လူထုနွေဦးသို့ပြောသည်။
ယနေ့(ဇန်နဝါရီ ၄ ရက်) ညနေ ၆ နာရီခန့်က ကျယ်လောင် သော အသံ၊တုန်ခါမှုနှင့်အတူ မြတ်မေတ္တာမွန်ဆီဆိုင်အနီး ပေါက်ကွဲမှုဖြစ်ပွားခြင်းဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။
"လမ်စလျှောက်နေတုန်း မြေကြီးပါတုန်တယ်။ဓာတ်ဆီဆိုင်နဲ့ ကပ်ရပ်နားပဲပေါက်တာ။ပျက်စီးထိခိုက်တာတော့ကျွန်တော်လည်း မသိရသေးဘူး။အိမ်ပြန်ပြေးလာရတယ်"ဟု တာမွေမြို့နယ် နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဗိုလ်စိန်မှန်၊ တက္ကသိုလ်ရိပ်သာလမ်းသစ် နှင့် တာမွေ အဝိုင်းလေးတို့ကို အကြမ်းဖက်စစ်တပ်ကပိတ်ဆို့ စစ်ဆေးမှုမျာပြုလုပ်နေသည်ဟု သိရသည်။
ထိုပေါက်ကွဲမှုအပြီး ဗုံးနှစ်လုံးပေါက်ကွဲသံနှစ်ကြိမ်ကို ထပ်မံကြားရကြောင်းလည်း ကျိုက္ကဆံ အိမ်ယာတွင် နေထိုင်သူတစ်ဦးက ပြောသည်။
"အခု ၇ နာရီ ခွဲလောက်မှာ တစ်ကြိမ် ၈ နာရီမှာ တစ်ကြိမ် ထပ်ပေါက်တယ်။ဘယ်နေရာလဲတော့ မသိရသေးဘူး"ဟု ၎င်းက ဆက်ပြောသည်။
မြတ်မေတ္တာမွန်ဆီဆိုင်ပိုင်ရှင် ဦးဝင်းမြင့်သည် မြန်မာနိုင်ငံစက်သုံးဆီအသင်း၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီ၏ အမတ်ဟောင်းတစ်ဦးလည်း ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် စက်သုံးဆီနှင့် လေယာဥ်ဆီဝယ်ယူတင်သွင်းပေးနေသူများထဲမှ အဓိကတစ်ဦးဖြစ်ကြောင်းစက်သုံးဆီလုပ်ငန်းရှင်အချို့ထံမှ သိ့ရသည်။
People's Spring
No comments:
Post a Comment