လွိုင်​ကော်မြို့​ပေါ်၌ တစ်ရက်ထဲ တိုက်ပွဲ (၂)​နေရာဖြစ်ပွားပြီး စစ်​ကောင်စီတပ်သား (၅)ဦးခန့်​သေဆုံးကာ (၃)ဦးကို အရှင်ဖမ်းဆီးရမိ

HTY Information  ( ဇန်နဝါရီလ ၁၁ ရက် )

ကယား(ကရင်နီပြည်နယ်)၊ လွိုင်​ကော်မြို့၊ ​ဒေါဥခူရပ်ကွက် အကျဥ်း​ထောင်​ဘေးပတ်လည်မှာ ကင်းပုန်းဝပ်ချထား​တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)၊ KDF၊ GZ 21 တပ်ဖွဲ့​တွေ ပူး​ပေါင်းပြီး ဒီကနေ့ ဇန်နဝါရီလ(၁၁)ရက်​နေ့မှာ သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲကို မွန်းလွဲ ၁၂နာရီခွဲအချိန်မှစ၍ ည​နေ ၄နာရီခွဲအချိန်ထိကြာ​အောင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်း အကြမ်းဖက်စစ်​ကောင်စီဖက်က(၅)ဦးခန့်​သေဆုံးကာ ထိခိုက်ဒဏ်ရာအ​မြောက်အများရရှိခဲ့​ကြောင်း DMO PDF က​နေ သတင်းထုတ်ပြန်ပါတယ်။

ဒါပြင် လွိုင်​ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)၊ လွိုင်​ကော်(PDF)၊ KNDF၊ KAအပြင် အခြား​တော်လှန်​ရေးတပ်ဖွဲ့​တွေ ပူး​ပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့​​တွေနဲ့ မနက် ၈နာရီခွဲမှ ည​၇နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်​ကောင်စီတပ်ဖက်က အများအပြား​သေဆုံးနိုင်ကာ လက်နက်တချို့သိမ်းဆည်းရမိသည့်အပြင် စစ်​ကောင်စီတပ်ဖွဲ့ဝင်(၃)ဦး​ကိုလည်း KNDFတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့​ကြောင်း DMO PDF ထုတ်ပြန်ချက်အရ သိရပါတယ်။  

၎င်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှထိခိုက်မှုများခဲ့သဖြင့် ည​နေ ၆နာရီဝန်းကျင်အချိန်မှာ တိုက်​လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ ပါတယ်။

(၂)ရက်တာ လွိုင်​ကော်မြို့တွင်း တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)ဖက်က ရဲ​ဘော်(၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း DMO PDF က သတင်းထုတ်ပြန်ပါတယ်။

HTY Information

လွိုင်​ကော်မြို့​ပေါ်၌ တစ်ရက်ထဲ တိုက်ပွဲ (၂)​နေရာဖြစ်ပွားပြီး စစ်​ကောင်စီတပ်သား (၅)ဦးခန့်​သေဆုံးကာ (၃)ဦးကို အရှင်ဖမ်းဆီးရမိ လွိုင်​ကော်မြို့​ပေါ်၌ တစ်ရက်ထဲ တိုက်ပွဲ (၂)​နေရာဖြစ်ပွားပြီး စစ်​ကောင်စီတပ်သား (၅)ဦးခန့်​သေဆုံးကာ (၃)ဦးကို အရှင်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:25 Rating: 5

No comments:

Powered by Blogger.