လွိုင်​ကော်မြို့ကို စစ်​ကောင်စီတပ် တိုက်​လေယာဥ်ဖြင့်တိုက်ခိုက်စဥ် စ​နေအသင်းဘုရား​ကျောင်းပြိုကျပြီး ပြည်သူများ ပိတ်မိ

(တိုက်ပွဲ​​များကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောပြည်သူအချို့ )

လွိုင်ကော်မြို့ပေါ်အားအကြမ်းဖက်စစ်ကောင်စီက ယ​နေ့ည​နေတွင်တိုက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ရာ ဒေါဥခူရပ်ကွက်ရှိ စနေအသင်းဘုရားကျောင်းပြိုကျပြီးပြည်သူများပိတ်မိနေ ယကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီကလွိုင်ကော်မြို့ ဒေါအူခူနှင့် မိုင်းလုံးရပ်ကွက်ကို  ယနေ့(ဇန်နဝါရီ ၁၁) ညနေ ၅ နာရီ မိနစ် ၄၀တွင် တိုက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်သည်။

နေအိမ်အချို့ မီးလောင်နေပြီး ဒေါဥခူရပ်ကွက်ရှိ စနေအသင်း ဘုရားကျောင်းပြိုကျနေသည်ဟု ယနေ့ည ၇ နာရီကျော်အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

"တိုက်လေယာဥ်နဲ့ ပစ်သွားတာ။  ဘရားကျောင်းထဲ လူတွေ ပိတ်မိနေတယ်"ဟု ပြောသည်။မြေပြင်တိုက်ပွဲတွင်စစ်ကောင်စီတပ်က အထိနာပြီးနောက်  လေကြောင်းမှတစ်ဆင့် တိုက်ခိုက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီကို KNDF ၊KA၊ PDF စ​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက စု​ပေါင်းခုခံတိုက်ခိုက်​နေသည်။ ယ​နေ့ လွိုင်​ကော်တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ၂၀ သေဆုံးပြီး ၊ ၃ ဦးထွက်​ပြေးလာကာပြည်သူ့နှင့်ပူး​ပေါင်းခဲ့​ကြောင်း.KNDFကထုတ်ပြန်သည်။ KNDFတပ်ဖွဲ့ဝင်တစ်ဦး ပြည်သူများနှင့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံအတွက် စစ်​ကောင်စီတပ်ကိုတိုက်ပွဲဝင်ရင်းကျဆုံးခဲ့သည်။

People's Spring 

လွိုင်​ကော်မြို့ကို စစ်​ကောင်စီတပ် တိုက်​လေယာဥ်ဖြင့်တိုက်ခိုက်စဥ် စ​နေအသင်းဘုရား​ကျောင်းပြိုကျပြီး ပြည်သူများ ပိတ်မိ လွိုင်​ကော်မြို့ကို စစ်​ကောင်စီတပ် တိုက်​လေယာဥ်ဖြင့်တိုက်ခိုက်စဥ် စ​နေအသင်းဘုရား​ကျောင်းပြိုကျပြီး ပြည်သူများ ပိတ်မိ Reviewed by THITHTOOLWIN on 22:30 Rating: 5

No comments:

Powered by Blogger.