အကြမ်းဖက်စစ်ကောင်စီတပ်က မြိုင်နှင့်ပေါက်မြို့နယ်တဝိုက်မှ ရေနံတွင်းများကို မီးရှို့မှုများဆက်တိုက်လုပ်နေ

ဓာတ်ပုံ-အကြမ်းဖက်စစ်တပ်က  ရေနံတွင်းများကို မီးရှို့ဖျက်ဆီးထားစဉ်

မကွေး၊ ဇန်နဝါရီ ၂၅

မကွေးတိုင်း မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်မှ ရေနံတွင်းများကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးနေသည်မှာ တစ်ပတ်ကျော်နေပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ်များက မြိုင်မြို့နယ်အနောက်ပိုင်းနှင့် ပေါက်မြို့နယ်တို့ကို ဝင်ရောက်မွှေနှောက်နေပြီး လူရှိနေသည့်ရေနံတွင်းများ ကို ရေနံတွင်း တစ်ခုလျှင် ငွေကျပ် ၂သိန်းတောင်းကြောင်း၊ လူမရှိသည့်ရေနံတွင်းနှင့်လူနေသည့်တဲများကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

"စစ်ကြောင်းဝင်လာတော့ တချို့ဒေသခံတွေကရှောင်နေတာ။ အဲဒီလူတွေ နေတဲ့တဲတွေ အကုန်ရှို့သွားတယ်။ ဒီဘက်က ရေနံလုပ်ကွက်တွေအကုန် ကုန်တော့မယ်။ ရှို့နေတဲ့ရက်ကကြာပြီ "ဟု ဒေသခံတစ်ဦးကပြောသည်။

မြိုင်မြို့နယ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလပထမအပတ်တွင် စစ်ကြောင်းထိုးနေပြီးနောက် ဇန်နဝါရီလတတိယပတ်မှစတင်ကာ ရေနံလုပ်ကွက်များကို မီးလိုက်ရှို့နေခြင်းဖြစ်သည်။

စစ်ကောင်စီက ၎င်း၏တပ်သားများကို PDF အားကောင်းသည့် မြိုင်နယ်တွင်  စည်းရုံးရေးဆင်းရန် ညွှန်ကြားစာ ထုတ်ပြန်ထားသော်လည်း ၎င်း၏တပ်သားများက ဒေသခံများ၏ရေနံလုပ်ကွက်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေသည်။


Lu Nge Khit

အကြမ်းဖက်စစ်ကောင်စီတပ်က မြိုင်နှင့်ပေါက်မြို့နယ်တဝိုက်မှ ရေနံတွင်းများကို မီးရှို့မှုများဆက်တိုက်လုပ်နေ အကြမ်းဖက်စစ်ကောင်စီတပ်က မြိုင်နှင့်ပေါက်မြို့နယ်တဝိုက်မှ ရေနံတွင်းများကို မီးရှို့မှုများဆက်တိုက်လုပ်နေ Reviewed by THITHTOOLWIN on 19:37 Rating: 5

No comments:

Powered by Blogger.