ရေဦးမြို့ နယ်၊ ပြောင်းခင်းကျောင်းတိုက်မှ သံဃာတော် ၂ပါး စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား၊ ချမ်းသာရွာမှ ဒေသခံ ၂ဦးပစ်သတ်

January 11, 2022

စစ်ကိုင်းရေဦးမြို့နယ်၊ အောင်ချမ်းသာရပ် တရုတ်တန်းလမ်း‌ဘေးတွင် ရပ်ထားသည့် ဘုန်းကြီးကျောင်း၏ ကားတစ်စီးအား စစ်ကောင်စီတပ်မှ ယူဖို့ပြင်နေစဉ် ကားရပ်ထားရာနေရာသို့ သံဃာတော် ၂ ပါးရောက်ရှိလာသည့်အတွက် ကားအပါအဝင် သံဃာတော် ၂ပါးစလုံး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရသည်။

" သံဃာတော်တွေက ကားခန ရပ်ထားပြီး အပြင်ခနသွားတာထင်တယ် အဲမှာ စစ်သား ၂၀လောက်က ကားကိုယူဖို့လုပ်နေတဲ့ချိန် သံဃာတော်တွေပြန်ရောက်လာတော့ တစ်ပါတည်းကားရော သံဃာတော်ရော ဖမ်းသွားတဲ့သဘောဟုတ်တယ် အဲသံဃာတော် ၂ပါးထဲက တစ်ပါးက ကျောင်းထိုင်ဟုတ်တယ် " လို့ ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံသွားရသည့် သံ‌ဃာတော်၂ပါးသည် ရေဦးမြို့နယ် စည်ကြီးရွာ၊ ပြောင်းခင်းကျောင်းတိုက်မှ‌ ဖြစ်ပြီး လက်ရှိချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် ရေဦးမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၁၁ရက်နေ့ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ နေရာကွက်၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည် ၃ကြိမ်ထက်မနည်း မိုင်းဆွဲခံကာ လက်ရှိချိန်ထိ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

" ယခု ကျတော်တို့ကြားနေတာက ရေဦးစခန်းမှာ တအားစစ်နေတယ်ကြားတယ် ပြီးတော့ ဒီနေ့ စစ်ကောင်စီဘက်က ခုထိ စစ်ကြောင်းထိုးနေတုန်း စစ်ကြောင်းက ၂ကြောင်းထိုးနေတာ ၁ကြောင်းနှင့်၁ကြောင်းက မဝေးဘူး ရေဦးရဲ့ အနောက်တောင်မှာ ၁ကြောင်း အနောက်ဘက်မှာ တကြောင်း ဒီနေ့အခြေနေ အတော်ဆိုးနေတယ်" ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ထို့ပြင် ဇန်နဝါရီလ ၁၀ရက်ညတွင်လည်း စစ်ကောင်စီတပ်သည် ရေဦးမြို့နယ် ချမ်းသာကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးခဲ့သည့်အပြင်  ဒေသခံ နှစ်ဦးအား နှိပ်စက်သတ်ဖြတ်ကာ  ဒေသခံများကပြောသည်။

"စစ်ကောင်စီတပ်က တစ်ရွာဝင်တစ်ရွာထွက်ပြီး သောင်းကျန်းနေတာ မနေ့ည ချမ်းသာရွာက နှစ်ယောက်ကိုလည်း ပစ်သတ်သွားတယ် သုံးယောက်ကိုတော့ တော်တော်ရိုက်သွားတယ်လို့ သိရတယ် ခုဆို ရွာမှာက ထွက်ပြေးသွားတဲ့သူက ထွက်ပြေးအေးဆေးကို မနေရကြဘူး" ဟု ‌ဒေသခံရင်းမြစ်တစ်ဦးကပြောသည်။

ထို့ပြင် ယနေ့ ဇန်နဝါရီလ ၁၁ရက်နေ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ​စစ်ကောင်စီတပ်အား ဒေသတွင်းPDF သုံးဖွဲ့ပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ပြီး ထိခိုက်​သေဆုံးမှုများနိုင်ကြောင်း ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ- ​ရေဦး)သတင်းထုတ်ပြန်သည်။

Kachin News Group 

ရေဦးမြို့ နယ်၊ ပြောင်းခင်းကျောင်းတိုက်မှ သံဃာတော် ၂ပါး စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား၊ ချမ်းသာရွာမှ ဒေသခံ ၂ဦးပစ်သတ် ရေဦးမြို့ နယ်၊ ပြောင်းခင်းကျောင်းတိုက်မှ သံဃာတော် ၂ပါး စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား၊ ချမ်းသာရွာမှ ဒေသခံ ၂ဦးပစ်သတ် Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.