"အရာတော်၊ ငွေတွင်းကျေးရွာမှ ဒေသခံပျူစောထီးများ အမည်စာရင်းကို တော်လှန်ရေးအင်အားစုက ထုတ်ပြန်‌ကြေညာ"



20.1.2022(THU) | 7:20 PM

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က အရာတော်အရှေ့နယ်၊ ငွေတွင်းကျေးရွာမှ စစ်တပ်အောက်ဆွဲ ပျူစောထီးများ၏ နာမည်စာရင်းအပြည့်အစုံကို ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

ဒေသခံပျူစောထီးများကို ပြည်သူအချင်းချင်းဖြစ်လင့်ကစား ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်ခံရသော စစ်တပ်၏ အသေခံ၊ အသုံးချခံ ရန်သူ့လက်ကိုင်တုတ်များအဖြစ်သာ ရှုမြင်သည်ဟု ARA က ပြောသည်။

ယခုစာရင်းတွင် ပါဝင်သော ငွေတွင်းကျေးရွာမှ ပျူစောထီးများသည် သတိပေးခြင်းအဆင့်ကို ကျော်လွန်ခဲ့ပြီဖြစ်၍ အမြန်ဆုံးလက်နက်ချရန် ရေးသားထားသည်ကို တွေ့ရှိရသည်။

ARA မှ တာဝန်ရှိသူတစ်ဦးက "လက်နက်ကိုင်နေတဲ့ ပျူစောထီးစာရင်းတင် မကပါဘူး။ စကစကို ထောက်ခံတဲ့ ငွေတွင်းက အမာခံဘောမစာရင်းရော၊ ကားတွေ ရိက္ခာတွေ ကူပေးနေတဲ့လုပ်ငန်းရှင်စာရင်းရော ရထားပြီးသားပါ။"ဟု ဖြည့်စွက်မှတ်ချက်ပေးထားသည်။


အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

"အရာတော်၊ ငွေတွင်းကျေးရွာမှ ဒေသခံပျူစောထီးများ အမည်စာရင်းကို တော်လှန်ရေးအင်အားစုက ထုတ်ပြန်‌ကြေညာ" "အရာတော်၊ ငွေတွင်းကျေးရွာမှ ဒေသခံပျူစောထီးများ အမည်စာရင်းကို တော်လှန်ရေးအင်အားစုက ထုတ်ပြန်‌ကြေညာ" Reviewed by THITHTOOLWIN on 19:32 Rating: 5

No comments:

Powered by Blogger.