ကန့်ဘလူနယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို သူတစ်ဦးတည်းနိုင်သည်ဟု ကြုံးဝါးခဲ့သည့် ပျူစောထီးခေါင်းဆောင်ကို ပြောက်ကျားတပ်က ရှင်းလင်း




ဇန်နဝါရီ - ၂၇

စစ်ကိုင်းတိုင်း ကန့်ဘလူနယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို သူတစ်ဦးတည်းနိုင်သည်ဟု ကြုံးဝါးခဲ့သည့် ပျူစောထီးခေါင်းဆောင်ကို KBU UG ပြောက်ကျားတပ်ကရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီ (၂၇) ရက် မနက် (၆) နာရီခွဲအချိန်တွင် ကန့်ဘလူနယ်၊ ပျဥ်းတော်ကျေးရွာနေ ပျူစောထီးခေါင်းဆောင် ကျော်မိုးကို ရှင်းလင်းခဲ့ကြောင်း KBU UGကဆိုသည်။

" PDF ငါးယောက် သူတစ်ယောက်ထဲ နိုင်တယ်ဆိုတဲ့ ပျဉ်းတော် ပျူခေါင်းဆောင် ကျော်မိုးကို KBU-UG သွားရောက်ရှင်းလင်းခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အလောင်းလာကောက်တဲ့ သုံးဘီးယာဥ်ကိုပါ ဆက်လက် မိုင်းဆွဲလိုက်ပါတယ် " ဟု KBU UG က ဖော်ပြသည်။

အဆိုပါပျူစောထီးခေါင်းဆောင်ရုပ်အလောင်းကို လာရောက်ကောက်ယူသည့် ပျူစောထီးများမှာလည်း မိုင်းထိ၍ သေဆုံးနိုင်ဟု KBU UG က ဆိုသည်။

ကန့်ဘလူနယ်တွင်း ဒလန်နှင့် သတင်းပေးများကို KBU UG က ရှင်းလင်းရာတွင် (၂၀) ဦးထက်မနည်းရှိပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ 


Mandalay Free Press - MFP

ကန့်ဘလူနယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို သူတစ်ဦးတည်းနိုင်သည်ဟု ကြုံးဝါးခဲ့သည့် ပျူစောထီးခေါင်းဆောင်ကို ပြောက်ကျားတပ်က ရှင်းလင်း ကန့်ဘလူနယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို သူတစ်ဦးတည်းနိုင်သည်ဟု ကြုံးဝါးခဲ့သည့် ပျူစောထီးခေါင်းဆောင်ကို ပြောက်ကျားတပ်က ရှင်းလင်း Reviewed by THITHTOOLWIN on 22:01 Rating: 5

No comments:

Powered by Blogger.