မြိုင်မြို့နယ် ကျေးရွာများကို အကြမ်းဖက်စစ်တပ်မီးရှို့


မဲခေါင်၊ ဇန်နဝါရီ ၁၆

မြိုင်မြို့နယ်အနောက်ပိုင်းရှိ သဒွတ်ကျေးရွာအား ယနေ့ (ဇန်နဝါရီလ ၁၆) မနက်ပိုင်း ၉ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ ဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ် ၂၅ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ မြိုင်နယ်အနောက်ပိုင်း ညောင်ပင်လယ်ကျေးရွာကိုလည်း ယနေ့မနက် ၁၁နာရီဝန်းကျင်တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဇန်နဝါရီလ ၉ ရက်မှ စတင်ကာ မြိုင်မြို့နယ်နေရာအနှံ့အပြားအား နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန်အတွက် အင်အားအများအပြားသုံး၍ ကျေးရွာများအား ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း၊ လုယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အန္တရာယ်ကြောင့် မြိုင်နယ်အနောက်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာအများစုမှ ပြည်သူထောင်ကျော် ဘေးလွတ်ရွာကျေးရွာများ၊ တောတောင်များတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။


MeKong News - မဲခေါင်သတင်း

မြိုင်မြို့နယ် ကျေးရွာများကို အကြမ်းဖက်စစ်တပ်မီးရှို့ မြိုင်မြို့နယ် ကျေးရွာများကို အကြမ်းဖက်စစ်တပ်မီးရှို့ Reviewed by THITHTOOLWIN on 22:26 Rating: 5

No comments:

Powered by Blogger.