မဲခေါင်၊ ဇန်နဝါရီ ၂၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့ နယ်၊ မှုံပြာကန် အနီးသို့ စစ်ကောင်စီတပ်များက ယနေ့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - ဒီမောဆို - DMO – PDF ဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း DMO-PDF က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် DMO-PDF က ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ပါထိမှန် သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မနက် ၁၀နာရီမှ ၁၁နာရီအထိ ဖြစ်ပွားသည့် တစ်နာရီကျော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီး အလွန်အကျွံသုံးစွဲ ပစ်ခတ်ခဲ့သည့်အတွက် DMO-PDF ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ပြီး အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
MeKong News - မဲခေါင်သတင်း
လွိုင်ကော်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ တပ်သား ၁ဦးသေ
Reviewed by THITHTOOLWIN
on
21:15
Rating:
No comments:
Post a Comment