မုံရွာမြို့တွင် သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ ရဲက​တော်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ



ဇန်နဝါရီ ၁၇ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ယနေ့မနက်ပိုင်းက သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ ရဲက​တော်တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူဖြစ်ပြီး မုံရွာမြို့ ကန်သာယာ​စျေးတွင် လိမ္မော်သီးရောင်းနေစဥ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

" ကန်သာယာစျေးထဲ စျေးရောင်းနေတုန်း ပစ်သတ်ခံရတာလို့သိရတယ်။ သူက ချဲလည်းရောင်းတယ်။ သူယောက်ျားက ရဲတပ်ဖွဲ့က ဆန္ဒပြက​လေးတွေ အော်ဟစ်ဆဲဆိုတာတွေလုပ်တတ်တယ်" ဟု မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူမှာ နယ်ပြောင်းတာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်ပြီး ၎င်းပစ်ခတ်ခံရပြီးနောက် သေဆုံးမှုရှိ၊မရှိကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။


Ayeyarwaddy Times 

မုံရွာမြို့တွင် သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ ရဲက​တော်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ မုံရွာမြို့တွင် သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ ရဲက​တော်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 23:37 Rating: 5

No comments:

Powered by Blogger.