ဇန်နဝါရီလ ၄ရက်၊ SGG
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီထောက်ပို့ ၁၂ဘီးကား ၁စီးကို ဇန်နဝါရီလ ၃ရက်နေ့ ည ၁၂နာရီအချိန် ဝန်းကျင်တွင် စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးပေါ် ဘုရားပြန်တောင်ဘက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
စစ်ကိုင်းမှရွှေဘိုဦးတည်လာတဲ့ စကစထောက်ပို့ ကားနောက်ပိုင်းကို မိုးကာအုပ်ထားတဲ့ ၁၂ဘီးကားကြီး ၁စီးကို ပရိုလိုက်အဖွဲ့ နှင့် ကြောင်လက်သည်း အဖွဲ့တို့က ရှေ့ဆင့် နောက်ဆင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ "ပရိုလိုက်အဖွဲ့က မိုင်းဆွဲလိုက်တယ်၊ ကားကထိုးရပ်သွားတယ်၊ ပြီးမှလီဗာဖြဲပြီးပြန်မောင်းတယ်၊ ကားကတအိအိနဲ့ ဖြည်းဖြည်းပဲသွားတော့တယ်၊ ကြောင်လက်သည်းအဖွဲ့ကထပ်ဆွဲတယ်၊ အဲ့မှ လုံးဝရပ်သွားတယ်၊ အထိအခိုက်ကိုတော့ သေချာမသိဘူးဗျ၊ ကားကတော့ပျက်စီးသွားတယ်" လို့ပြောပါတယ်။
ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပျက်စီးသွားတဲ့ ၁၂ဘီးကားကို ဒီကနေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၈နာရီအချိန်မှာ ရွာသာကြီးမြောက်ဘက်မှာ စကစမှ ကားချိန်းပြီး ပစ္စည်းများသယ်ဆောင်သွားဟုသိရပါသည်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
No comments:
Post a Comment