ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် ကရင်နီပြည် လွိုင်ကော်မြို့တွင်း၌ ဖြစ်ပွားသည့်တိုက်ပွဲ၌ ပြည်သူ့တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ ရဲဘော်သည် အကြမ်းဖက်စစ်ကောင်စီတပ်၏ တင့်ကားပေါ်မှ ပစ်ခတ်ခဲ့သော စစ်လက်နက်ထိမှန်၍ ယနေ့ နေ့လည်ပိုင်း၌ ကျဆုံးခဲ့ခြင်းဖြစ်ပြီး လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု ၎င်း၏ မိတ်ဆေတွစ်ဦးက ပြောသည်။
ယနေ့ လွိုင်ကော်မြို့ပေါ်တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်က ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ် တိုက်ခိုက်ခဲ့သည်အထိ အင်အား အလွန်အကျွံအသုံးပြုတိုက်ခိုက်နေသည်။
သံလွင်ခက် - Than Lwin Khet News
ယနေ့ လွိုင်ကော်မြို့တွင်းတိုက်ပွဲ၌ ရဲဘော်တစ်ဦး ကျဆုံး
Reviewed by THITHTOOLWIN
on
00:45
Rating:
No comments:
Post a Comment