ကျောင်းကုန်းမြို့ အ.ထ.က (၂) ကျောင်းတွင် စာသင်နေသည့်ကျောင်းဆရာတစ်ဦးအား စစ်ကောင်စီဖမ်းဆီး



(ကျောင်းကုန်း)၊ ဇန်နဝါရီ ၁၅ ရက်

ဧရာ၀တီတိုင်းဒေသကြီး၊ကျောင်းကုန်းမြို့နယ်မှာ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီးနောက် အလုပ်ပြန်လည်ဝင်ရောက်နေသူ ကျောင်းဆရာတစ်ဦးအား ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်များက ဖမ်းဆီးသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဖမ်းဆီးခံရသူများမှာ ကျောင်းကုန်းမြို့၊အ.ထ.က(၂)ကျောင်းက အထက်တန်းပြဆရာ ဦးပိုပိုအောင်ဆိုသူဖြစ်ပြီး ၎င်းအား စာသင်ခန်းပတွင်း စာသင်နေစဥ် စစ်ကောင်စီတပ်များက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ကျောင်းကုန်းမြို့ခံတစ်ဦးက ဆိုပါတယ်။

"ဦးပိုပိုအောင်က တခြားဝန်ထမ်းတွေလိုပါပဲ ပထမ CDMလုပ်တဲ့နောက် အလုပ်ပြန်ဝင်နေရတာ။ ဒီတိုင်းအလုပ်ပြန်လုပ်နေတာကို ဖမ်းသွားတယ်၊ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ အခုထိမသိရသေးဘူး"လို့ ကျောင်းကုန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရသူ ကျောင်းဆရာ ဦးပိုပိုအောင်သည် စစ်တပ်က အာဏာသိမ်းယူပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု - CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သော်လည်း စစ်ကောင်စီ၏ ဖိအားပေးမှုများနှင့် ငွေကြေးမပြေလည်မှုများကြောင့် Non-CDM အဖြစ် အလုပ်ပြန်ဆင်းနေသူတစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

ကျောင်းကုန်းမြို့မှာ ဇန်နဝါရီ၁၀ရက်နေ့က ပျူစောထီးခေါင်းဆောင်သီဟဇော်ရဲ့ဆိုင်ကို ဗုံးပစ်ခံရပြီးနောက်ပိုင်းသီဟဇော်ရဲ့ခိုင်းစေမှုနဲ့ စစ်ကောင်စီတပ်များက မြို့ပေါ်ကလူငယ်တွေနဲ့ CDM၀န်ထမ်းတွေကိုလိုက်လံဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။


Ayeyarwaddy Times 

ကျောင်းကုန်းမြို့ အ.ထ.က (၂) ကျောင်းတွင် စာသင်နေသည့်ကျောင်းဆရာတစ်ဦးအား စစ်ကောင်စီဖမ်းဆီး ကျောင်းကုန်းမြို့ အ.ထ.က (၂) ကျောင်းတွင် စာသင်နေသည့်ကျောင်းဆရာတစ်ဦးအား စစ်ကောင်စီဖမ်းဆီး Reviewed by THITHTOOLWIN on 19:08 Rating: 5

No comments:

Powered by Blogger.