စစ်ကောင်စီရမ်းသမ်းပစ်ခတ်တာကြောင့် ဖာပွန်မြို့နယ် ထီးလော်သေ့ထရွာက ၃ လသားကလေးနှင့်မိခင်သေဆုံး

လက်နက်ကြီးကျည် ကျရောက်ခဲ့သည့် နေရာကိုတွေ့ရစဉ်။ 

ဇန်နဝါရီလ ၃၀ ရက်နေ့ ၊ ၂၀၂၂

ကရင်ပြည်နယ် ဖာပွန်မြို့နယ် တောင်သုံးလုံးမှစစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့်ထီးလော်သေ့ထရွာသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ၃ လသားကလေးငယ်နှင့်အတူမိခင်ပါသေဆုံးပြီး၊ အပျိုအရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ ကျော်အမျိုးသားတစ်ဦးပါသေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ ၅ မှ ကာကွယ်ရေးတပ်မှူးတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အို ၂ ဦးပါထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်မှူးကဆိုပါတယ်။ 

လက်နက်ကြီးသည် ဆိတ်မွေးမြူရေးခြံတစ်ခြံမှာကျရောက်ခဲ့လို့ ခြံလည်းပျက်စီးသွားခဲ့တဲ့ပြီး အနီးအနားရှိ နွား၂ ကောင်လည်းကျည်ဆံထိမှန်သေဆုံးသွားခဲ့တယ်လို့လည်း သူကဆိုပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီဖက် ကတိုင်တိမှာလက်နက်ကြီး၊ ကျည်ဆံနှင့်ရိက္ခာတွေပို့ဆောင်ထားတာရှိနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကဆိုပါတယ်။ 

"လက်နက်ကြီးပစ်တာက ရှေ့တက်မရတော့လမ်းကြောင်းတစ်လျှောက်မှာ လက်နက်ကြီးနဲ့လမ်းရှင်းတာ။ ကတိုင်တိအပေါ်ဖက်လည်းလမ်းပျက်ကုန်တယ်။ တက်ဖို့တော့မလွယ်ဘူး။ ရှေ့ဆက်တက်နိုင်ဖို့သူတို့ဖက် (စစ်ကောင်စီဖက်) ကကြိုးစားနေတယ်။ မရရင်အခြားလမ်းကြောင်းသစ်တစ်ခုဖောက်မယ်လို့ကြားတယ်" လို့ အမည်မဖော်လိုသည့် KNLA နဲ့နီးစပ်သူဒေသခံတစ်ဦးကပြောပါတယ်။ 

ယမန်နေ့ မှာလည်း တပ်မဟာ ၅ နယ်မြေရှိ ထီးသဘလုထရွာဖက်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ ရွာသား ၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒေသခံလူထုတွေလည်းစိုးရိမ်နေကြပြီး မဲဝိုင်၊ ခေါဝါးကျေးရွာမှ ဒေသခံတချို့လည်း အိုးအိမ်စွန့်ခွာပြီးဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ Karen National Police Force တပ်ဖွဲ့မှတပ်မှူးတစ်ဦးကပြောပါတယ်။ 

အောင်လေး၊ Salween Press 


စစ်ကောင်စီရမ်းသမ်းပစ်ခတ်တာကြောင့် ဖာပွန်မြို့နယ် ထီးလော်သေ့ထရွာက ၃ လသားကလေးနှင့်မိခင်သေဆုံး စစ်ကောင်စီရမ်းသမ်းပစ်ခတ်တာကြောင့် ဖာပွန်မြို့နယ် ထီးလော်သေ့ထရွာက ၃ လသားကလေးနှင့်မိခင်သေဆုံး Reviewed by THITHTOOLWIN on 16:46 Rating: 5

No comments:

Powered by Blogger.