ညောင်ဦး၊ ဇန်နဝါရီ ၃၀
ဒလန်မလုပ်ရန် သတိပေးထားသော်လည်း တပ်ထောက်ခံပွဲကို ဦးဆောင်ကျင်းပရန် စီစဉ်နေသည့် မန္တလေးတိုင်း၊ ညောင်ဦးမြို့မှ တင်စိုး ဟုဆိုသည့်သူကို ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခဲ့သည်ဟု မြင်းခြံ 21 ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။
တင်စိုးကို မြင်းခြံ 21 ပျောက်ကျားတပ်ဖွဲ့ ၊ မလှိုင် မြေအောက်တော်လှန်ရေးအဖွဲ့ ၊ Bagan Ogre Force ၊ TTA ပြောက်ကျားတပ် (တောင်သာ) တို့ ပူးပေါင်းကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
တင်စိုးသည် Goldel Bagan ဆိုင်ပိုင်ရှင်ဖြစ်သည့်အပြင် ယခင်က ညောင်ဦး အမှတ် ၁ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ကြောင်း ၎င်းသည် ပျူစောထီးအဖွဲ့၀င်ဖြစ်သည့်အပြင် ဒေသတွင်းပျူစောထီးခေါင်းဆောင်၏ လက်ရုံးတစ်ယောက်လည်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
"ပုဂံ ညောင်ဦးက ၂၀၂၀ ထဲမှာ လူငယ်တွေ အများကြီး အဖမ်းခံရတဲ့နောက် နည်းနည်း အေးတိအေးစက်ဖြစ်နေတာ။ အခု ဒလန်ရှင်း လိုက်မှပဲ မြို့ထဲမှာ ပုဂံညောင်ဦးတော်လှန်ရေးက အသက်၀င်လာတော့တယ်။ မြို့ပေါ်အခြေအနေ အေးဆေးဖြစ်ပါတယ်" ညောင်ဦးဒေသခံ တစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။
တပ်ထောက်ခံပွဲကို ဦးဆောင်မည့် တင်စိုးကို တော်လှန်ရေးသမားများက ရွှေစည်းခုံဘုရားအနီးတွင် ပစ်သက်သွားခြင်းဖြစ်သည်ဟု ၎င်းက ထပ်မံပြောသည်။
ပုဂံညောင်ဦးဒေသတွင် ယခင်က ဒလန်ဆိုသူ ဌေးလွင်ကို တော်လှန်ရေးသမားများက ပစ်သတ်ခဲ့ဖူးကြောင်းလည်း ဒေသခံတချို့၏ ပြောပြချက်အရ သိရသည်။
Lu Nge Khit / လူငယ့်ခေတ်
No comments:
Post a Comment