ရှေ့တန်းမှပြန်ရောက်ရောက်ချင်း ရှေ့တန်းပြန်လွှတ်သဖြင့် ဖယ်ခုံအခြေစိုက် ခမရ (၄၂၁) က စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ထွက်ပြေး

ဓာတ်ပုံ - စစ်ဆင်ရေးထွက်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)

ဇန်နဝါရီ ၁၄ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဖယ်ခုံမြို့အခြေစိုက် စစ် ကောင်စီ၏ ခမရ(၄၂၁)တပ်ရင်းမှ စစ်ကောင်စီတပ် ဖွဲ့ဝင် ၈ ဦး ဇန်နဝါရီ ၁၂ ရက် မနက် ၂ နာရီခွဲဝန်းကျင်က အဆို ပါတပ်ရင်းမှ ထွက်ပြေးသွားကြောင်း ယင်းစစ်တပ်နှင့်နီးစပ်သူများထံကသိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကရင်နီဒေသစစ်ဆင်ရေးနယ်မြေများမှ ဇန်နဝါရီ ၁၂ ရက်နေ့က တပ် ရင်းသို့ပြန်လည်ရောက်ရှိလာပြီး ယင်းနေ့ရက်တွင်ပင် အဆိုပါတပ်အကြီးတန်းစစ်အရာရှိများက ရှေ့တန်းသို့ပြန်လည်စေလွှတ်သဖြင့် ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရသည်။

'' သူတို့က ၁၂ရက်နေ့ဘဲရှေ့တန်းကနေတပ်ကိုပြန် ရောက် လာတယ်။ အဲ့နေ့မှာဘဲ ရှေ့တန်းပြန်ထွက်ရမယ်လို့ပြန်ခိုင်းတယ်။ ဖယ်ခုံက သူတို့မိဘတွေဆီကိုလည်းပေးမပြန်ဘူး။ အဲ့တာနဲ့ဒေါသထွက်ပြီး အဲ့ဒီည သန်းခေါင်ကျော်မနက် ၂နာရီခွဲလောက်ကြီး လူပျို ၈ ယောက် ထွက်ပြေးကြတာ ။'' ဟု အဆိုပါစစ်တပ်နှင့်နီးစပ်သူတဦးက ဧရာ ဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါစစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီး နောက် ခမရ(၄၂၁)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာအနှံအပြားသို့လိုက်လံရှာဖွေသော်လည်း ပြန်လည်ဖမ်းဆီးရမိခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်သွားကြောင်း ၄င်းကဆိုသည်။

အဆိုပါ ဖယ်ခံအခြေစိုက် ခမရ(၄၂၁)တပ်ရင်းနှင့် ခမရ (၃၃၆)တပ်ရင်းတို့သည် ကရင်နီပြည်နယ် လွိုင်ကော်၊ဒီးမော့ဆိုမြို့နယ်များအတွင်း တိုက်ပွဲနယ်မြေများတွင် ထိုး စစ်ဆင်နေသည့်တပ်ရင်းများဟုသိရပြီး ထိခိုက်သေဆုံးမှုများပြားနေကာ ယမန်နေ့တိုက်ပွဲအတွင်း ခမရ(၃၃၆)က စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ပြောဆို ချက်များအရသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလနောက်ဆုံးပတ်ကလည်း ခမောက်ကြီးအခြေစိုက် စကခ-၂၀ လက်အောက်ခံ တပ်ရင်း ၇ ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ကရင်ပြည်နယ်သို့ရှေ့တန်းမလိုက်ချင်သဖြင့် ထွက် ပြေးခဲ့ကြောင်း သိရသည်။


Ayeyarwaddy Times 

ရှေ့တန်းမှပြန်ရောက်ရောက်ချင်း ရှေ့တန်းပြန်လွှတ်သဖြင့် ဖယ်ခုံအခြေစိုက် ခမရ (၄၂၁) က စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ထွက်ပြေး ရှေ့တန်းမှပြန်ရောက်ရောက်ချင်း ရှေ့တန်းပြန်လွှတ်သဖြင့် ဖယ်ခုံအခြေစိုက် ခမရ (၄၂၁) က စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ထွက်ပြေး Reviewed by THITHTOOLWIN on 19:00 Rating: 5

No comments:

Powered by Blogger.